5

97 21 0
                                    

Unicode

Chapter 5

"သွားပြီ!! သွားပြီ!! သေလိုက်ပါတော့။ ငါဘယ်လိုရှင်းပြရပါ့မလဲ?"

ပိုက်ပုခက်ပေါ်မှာ လှဲချလိုက်ရင်း ဖီးလစ်(စ်)ရေရွတ်မိသည်။ ထို့နောက် ပိုက်ပုခက်ပေါ်လှဲနေရင်း အတွေးထဲကိုပေါ်လာသည်ကား

'​နေသန် ကော်လင်း နဲ့ မီယာ အယ်လ်လန်။ သူတို့ကို ငါကြားဖူးနေပါတယ်။ ဘယ်မှာ...'

ဖီးလစ်(စ်)ရဲ့မျက်ဝန်းတွေ ပြူးကျယ်သွားပြန်သည်။

'The Mummy။ ငယ်ငယ်က ဒယ်ဒီနဲ့အတူကြည့်ဖူးခဲ့သည့် ကာတွန်းဇာတ်ကား။ ဟုတ်တယ်။ နေသန် ကော်လင်း နဲ့ မီယာ အယ်လ်လန်။ သူတို့က ဇာတ်ကားထဲက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ပဲ!'

သို့ပေမဲ့ ထိုအကြောင်းအရာတွေကလွဲပြီး ဖီးလစ်(စ်)ခေါင်းထဲက ဘာမှထပ်မထွက်လာတော့။ ဘယ်လောက်ပဲ စဥ်းစားစဥ်းစား ကျောက်တုံးကိုအရည်ညှစ်နေရသလို ဘာမှပေါ်မလာတော့။ လီယမ် အိုဝင်က ဇာတ်ကားထဲမှာ ဘယ်နေရာကပါဝင်သလဲတောင် တွေးမရပေ။ အကြောင်းမူကား ကာတွန်းကားဖြစ်ပေမဲ့ သွေးသံရဲရဲတွေနှင့် ချစ်ခန်းကြိုက်ခန်းတွေပါတာကြောင့် ရှေးရိုးစွဲတတ်သူ ကိုရီးယားလူမျိုး ဒယ်ဒီက ကလေးကြည့်ရန်မသင့်ဟူ၍ တားမြစ်ခဲ့၍ ဖီးလစ်(စ်)မှာ ဇာတ်ညွှန်းလေးသာဖတ်ရင်း ဇာတ်လမ်းအဆုံးမှာ ဘာဖြစ်သွားလဲဆိုတာကို သိခွင့်ရခဲ့သည်။

ဖီးလစ်(စ်)သည် စိတ်ပျက်လက်ပျက်နှင့် လှဲနေပြီးမှ ထထိုင်ရင်း ရေရွတ်ပြန်သည်။

"ဒါဆို...ငါက အမျိုးသားဇာတ်လိုက်ကြီးနဲ့ အဆင်မပြေတဲ့သူဆိုတော့ အဆင်ပြေအောင် လုပ်ထားမှ။ မဟုတ်ရင် ငါ့ဇာတ်သိမ်းလည်း ကောင်းမှာမဟုတ်ဘူး။ ဟုတ်တယ်။အမျိုးသားဇာတ်လိုက်ကြီးကို သွားတောင်းပန်ပြီး အသေကပ်ထားမှ ရမယ်။ ဘာပဲဖြစ်ဖြစ် အခုငါက လီယမ် အိုဝင်ပဲလေ။ ငါ့လောကကို မပြန်နိုင်သေးတဲ့အချိန်အထိတော့ အသက်ရှင်နေဖို့လိုတယ်။"

တစ်ယောက်တည်း ရေရွတ်ပြီးနောက် ဖီးလစ်(စ်)တစ်ယောက် ရွက်ဖျင်တဲထဲကနေ ထွက်ကာ အမျိုးသားဇာတ်လိုက်ကြီး ​နေသန် ကော်လင်းရဲ့ ရွက်ဖျင်တဲဆီသို့ သွားရန်ကြိုးစားလိုက်တော့သည်။

Days Running From Mummies's HandWhere stories live. Discover now