12

125 22 2
                                    

Unicode

Chapter 12

"မဖြစ်နိုင်ဘူး!!"

"ဘာလို မဖြစ်နိုင်ရမှာလဲ? ကျွန်တော်တို့က ဒီမှာခဏပဲနားတာ။ ညအိပ်ဖို့မဟုတ်ဘူး။ အရမ်းအန္တရာယ်များလွန်းတယ်။"

ဦးလေး ဂျော်ဒန်နဲ့ ဖီးလစ်စ်တို့အချေအတင်ဖြစ်နေတာ ခဏလေးလည်း မဟုတ်။

"ဒါပေမဲ့...ဒေါက်တာ အိုဝင်။ ညဘက် ကားမောင်းတယ်ဆိုတာ ဒီမှာအန္တရာယ်များလွန်းတယ်။ မီးတိုင်လည်းမရှိဘူး။ လမ်းဆိုတာလည်း သဲလမ်းကြီး။ ဓာတ်ဆီကလည်း ရှိတော့တာ မဟုတ်တဲ့အပြင် လမ်းမှားမှာလည်း စိုးရိမ်ရသေးတယ်။ တကယ်ကို အန္တရာယ်များလိုပြောနေတာပါ။"

"မံမီတွေကလည်း အန္တရာယ်များတာပဲလေ။"

ဖီးလစ်စ်က ရေရွတ်သည်။ ဦးလေး ဂျော်ဒန်က သူ၏ ဆံပင်တွေကို ဖွာပစ်ရုံမှတပါး ဘာမှပြောစရာမရှိသည့်ပုံပင်။

"ကျွန်တော်တိုမှာ သေနတ်က လေးလက်ပဲရှိတာ။ ကျည်အခြေအနေကို ခဏထားလိုက်ပါဦး။ လူက ၆ယောက်ဖြစ်နေပြီလေ။ နောက်ပြီး အိမ်ရှင်ဦးလေးကြီးနဲ့ဆို ၇ယောက်။ လူ၇ယောက်နဲ့ သေနတ်လေးလက်။ ကျည်ကိုပါ ထည့်မတွက်ရင်တောင် ကျွန်တော်တို့ ဒီမှာ ဆက်နေလို့ မဖြစ်ဘူးဆိုတာပဲ။"

"ဒါပေမဲ့..."

ဦးလေး ဂျော်ဒန်က စကားစရှာပေမဲ့ ပြောစရာရှာမတွေ့ပေ။ ပြေးရင်လည်း အန္တရာယ်ရှိသည်။ မပြေးလျှင်လည်း အန္တရာယ်ရှိသည်။ ထိုအန္တရာယ်နှစ်ခုကို ယှဉ်လိုက်လျှင် မံမီတွေထက် ကန္တာရမှာ လမ်းပျောက်တာကပဲ ပိုကောင်းလိမ့်ဦးမည်။

"အင်းပါ။ ဆိုပါစို့..ဒေါက်တာ အိုဝင်။ သွားတာတော့ ဟုတ်ပေမဲ့ ဟိုကိစ္စကတော့..."

ဦးလေး ဂျော်ဒန်ရဲ့စကားကို မီယာက ကမန်းကတန်း ဝင်ပြောလာသည်။

"အေး...အဲ့တာလည်း ငါမေးမလို့ပဲ။ ငါက တကယ်ကြီး ဓာတ်ဆီတွေ လိမ်းရမှာလားဟင်?"

သနားစရာမျက်နှာထားနှင့် မေးလာသော မီယာကိုကြည့်ကာ ဖီးလစ်စ်လည်း တခဏလောက် ပြောဖို့ခက်သွားသည်။

"အနံ့မထွက်ရဘူးလို့ အက်ခ်ခန်က ပြောတာ။ ငါ စဉ်းစားကြည့်မိသလောက်က နှစ်နည်းပဲရှိတယ်။ အလုံပိတ်တာနဲ့ အနံ့ပြင်းပြင်းတစ်ခုနဲ့ နင့်အနံ့ကို ဖုံးတာ။"

You've reached the end of published parts.

⏰ Last updated: Apr 05, 2023 ⏰

Add this story to your Library to get notified about new parts!

Days Running From Mummies's HandWhere stories live. Discover now