(unicode)
''ဖေဖေ..ထမင်းစားရအောင်တဲ့...''
ချစ်ကြိုးက မရဲတရဲခေါ်သည်။ ဦးကောင်းကြွယ် တစ်ချက်လှမ်းကြည့်ပြီး တုပ်တုပ်မလှုပ်။သမီးရဲ့မျက်နှာနုနုလေးမြင်တိုင်း နှမျောတသသနဲ့ မယုံနိုင်။
''မကြီးမငယ်နဲ့..ခလေးကို ပြန်စိတ်ကောက်နေတယ်..ထားလိုက်...သမီး...''
ဒေါ်သက်ချစ်က ထမင်းဝိုင်းကနေ လှမ်းအော်သည်။ မျက်နှာငယ်လေးနဲ့ ချစ်ကြိုးကလည်း ငိုတော့မှာလိုလို။
''ဖေဖေ...ချစ်ကြိုးကို စိတ်ကောက်နေတာလားဟင်...''
အဖေတွေရဲ့အချစ်ဆုံးက သမီးဆိုသလို၊ ဦးကောင်းကြွယ်မှာ သမီးလေးကိုနှမျောစိတ်နဲ့အခုထိ စိတ်မကောင်းနိုင်။
''မကောက်ပါဘူး..ဖေဖေမဆာသေးလို့၊ သမီးတို့စားနှင့်လေ''
စကားတော့ပြန်ပြောရှာသည်။ မျက်နှာကတော့သိပ်မကောင်း။ ချစ်ကြိုး အနားမှာထိုင်လိုက်ကာ ဦးကောင်းကြွယ်ရဲ့ လက်မောင်းကို အသာထိကိုင်ရင်း။
''ချစ်ကြိုးမှားပါတယ်...ဖေဖေ့ကိုတောင်းပန်ပါတယ်၊ အဟင့်...ဟင့်..အခုလိုကြီးတော့မနေပါနဲ့ဖေဖေရဲ့''
''သြော်...ကဲ...ရှင်ကလည်း ခလေးစိတ်မကောင်းဖြစ်အောင်...ထမင်းတော့လာစားပါ''
ဦးကောင်းကြွယ်မှာ သမီးငိုတော့လည်း မနေနိုင်ရှာ။ သူ့စိတ်မကောင်းဖြစ်နေတာကို စိတ်ကောက်တယ်ထင်နေတဲ့ မိန်းမကတစ်မျိုး။
''သမီးကို ဖေဖေစိတ်မဆိုးပါဘူး၊ တောင်းပန်စရာမလိုဘူး...ငါ့သမီးလေးအတွက် ဝမ်းသာဝမ်းနည်းဖြစ်လွန်းလို့ပါ ''
''အဟင့်..ဟင့်...အဲ့ဒါဆို ဖေဖေက ဘာလို့ထမင်းမစားတာလဲ...''
''ဖေဖေ...မဆာသေးလို့လေ...သမီးသာအေးဆေး သွားစား...''
ဦးကောင်းကြွယ်က သမီးရဲ့ခေါင်းလေးဖွဖွပုတ်လိုက်ကာ ထမင်းသွားစားဖို့ပြောသည်။
''ဟင့်အင်း...ဖေဖေမစားရင် ချစ်ကြိုးလည်းမစားဘူး...''
''အေးဟေ့...နင်တို့သားအဖမစားလည်း နေ၊
ငါ့ဘာသာ စားမယ်''
YOU ARE READING
ညွှန်း၍မမှီ ချစ်ပုံပြင်(complete)
Romanceတောရွာက ချစ်စရာဇာတ်လမ်းလေးတစ်ပုဒ်။ ဖူးစာပါရင် ရှောင်လွဲလို့မရဘဲ၊မထင်မှတ်ဘဲအိမ်ထောင်ကျသွားတဲ့အဖြစ်လေး...။ (နေဝန်း+ချစ်ကြိုး)