အခန်း၂၁🖤

36.3K 491 8
                                    

(unicode)

''ချပါအုံးကွ...မင်းကလည်း..''

''တော်ပြီဟ..ငါသိပ်သောက်လို့မဖြစ်ဘူး..''

''ဘာလဲ..အခုတည်းက မိန်းမကြောက်နေပြီလား၊ အေ့..ယောကျာ်းတွေ ရာဇဝင်ရိုင်းတယ်ကွာ''

''ဖိုးညဏ်ကလည်း...စာဆိုရှိတယ်လေကွာ..မိန်းမ
ရိုသေအသက်ရှည်၊ မိန်းမရှိခိုး သွားမကျိုးတဲ့''

နောက်ဖွေးက စပါးစည်ကြီးဘေးက စက်ပစ္စည်းတွေ ထားတဲ့ဂိုဒေါင်မှာ နေဝန်းတို့အဖွဲ့ ဝိုင်းဆင်နေတာဖြစ်သည်။ အရည်လေးဝင်တာနဲ့ အောင်ခြိမ့်နဲ့ ဖိုးညဏ်က ပြောချင်ရာပြောနေပေမဲ့ နေဝန်းက အိမ်ပေါ်က အသည်းလေးဆီဘဲ စိတ်က ရောက်နေတော့သည်။ အချိန်က ည၉နာရီကျော်ပြီ။
ပုံမှန်အချိန်ဆို ခြံထဲမှာ ဒီလိုဝိုင်းဆင်နေရင် အိမ်ပေါ်က မာတာမိခင်က ဆူပြီးဆဲပြီးလောက်ပြီ။ ဒါက မင်္ဂလာဆောင်လည်းရှိတာက တစ်ကြောင်း၊ဝိုင်းဝန်းလုပ်ကိုင်ပေးတဲ့ လူငယ်တွေအတွက် ပျော်စေပါးစေဆိုပြီး အမြည်းတွေကအစ စိတ်ရှည်လက်ရှည်ကြော်ပေးထားတာဖြစ်သည်။

  ''မင်းတို့တွေ မိန်းမရမှ ဝဋ်လည်မယ်..''

နေဝန်း ဖန်ခွက်ထဲက  ဝီစကီလက်ကျန်ကောက်မော့ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

  ''ဟားဟား...ဖိုးနေဝန်းရာ..မင်းအခုတော့
  ကောင်းမှန်းသိနေတာပေါ့...''

  ''ဟာ..ဒီကောင်တော့''

မူးမူးနဲ့ ရှေ့မရှောင်နောက်မရှောင် ထပြောလိုက်တဲ့ အောင်ခြိမ့်ပါးစပ်ကို သူမျက်နှာကြီး နီမြန်းလျက် အတင်းပိတ်ရသည်။ ဘေးက ဖိုးခွားကတော့ ၅ခွက်လောက်သောက်ပြီး မှောက်နေတော့သည်။ဒီနှစ်ကောင်သာ ထင်ရာပြောပြီး
ပြန်လည်းမအိပ်ကြ။

  '' ဟ..အမှန်ပြောတာလေ..မင်း..ချစ်ကြိုးကျွေးတဲ့ ညစာ...အဲ...ထမင်း...ထမင်းပြောတာ''

''ခွေးကောင်တွေ..မြိုပြီးရင်လည်း ဒီက ကြွ ၊ အချိန်မနည်းတော့ဘူးကွ''

နေဝန်း ရှက်ရှက်နဲ့ ပိတ်အော်လိုက်တော့၂ယောက်သား တဟားဟားအော်ရယ်ကြတာအတောမသတ်ကြ။ ဘယ်လောက်ဆဲဆဲလည်း နာဟန်မရှိဘဲ ငယ်ပေါင်းကြီးဖော်ဆိုတဲ့အတိုင်းပြောမနာဆိုမနာတွေ ဖြစ်နေတော့သည်။

ညွှန်း၍မမှီ ချစ်ပုံပြင်(complete)Opowieści tętniące życiem. Odkryj je teraz