အခန်း၁၀

19.5K 475 2
                                    

(unicode)

''နောက်ဆုံးတော့လည်း ငါတို့ရဲ့crushကြီးပါသွားပြီပေါ့...''

''အေးလေ...ဖူးစာဆိုတာ ထူးဆန်းတယ်နော်၊
ဒါပေမဲ့...ကျေနပ်ပါတယ်..နှစ်ယောက်သား
အရမ်းလိုက်လို့''

တူမနှစ်ယောက်ပြောနေတာကို နားထောင်နေတဲ့ ဒေါ်ခင်မေက crushဆိုတာ ဘာမှန်းမသိ။ နားထဲမှာ ကြားနေတာက ''ခွက်''ဘဲ။

''ညည်းတို့ပြောနေတဲ့ ''ခွက်''က ဘာလဲအေ့...
လူနာမည်လား..ကျုပ်လည်းမကြားဘူးပါလား''

သက်ထားနဲ့သူဇာက နှစ်ယောက်သားဆွေးနေရာက ကြီးတော်ကြီးပြောတဲ့''ခွက်''ဆိုတဲ့စကားကို ကြားပြီးတာနဲ့ ခွက်ထိုးခွက်လန်ရယ်တော့သည်။

''ဟီးဟီး...ကြီးတော်ကလည်း၊ ''ခွက်''မဟုတ်ပါဘူး၊ ခရက်စ်..ခရက်စ်..''
     
''ဟားဟား...နင်ရှင်းပြနေလည်း သဘောပေါက်မှာမဟုတ်ဘူး...အဲ့ဒါကြောင့် ကိုကြီးနေဝန်းကို
ရည်ညွန်းပြောတာလို့ပြောလိုက်''   

''အမလေး...မကြံကောင်းစည်ရာအေ..ဟိုက အိမ်ထောင်သည်ဖြစ်တော့မှာနော်၊ ညည်းတို့  မဟုတ်တာတွေမပြောစမ်းပါနဲ့...ငရဲမကြောက်ဘာမကြောက်...နောက်မပြောရဘူးနော်...''

ဒေါ်ခင်မေ မျက်မှောင်လေးကျုံ့ရင်း ခပ်ကြိတ်ကြိတ်ဆူရသည်။ တူမနှစ်ယောက်လုံးက အသက်၁၆လောက်လေးတွေဆိုတော့ စိတ်ကစားတက်တဲ့အရွယ်လေးတွေမလား၊ထို့ကြောင့် မနည်းအုပ်နေရသည်။

''မကြံပါဘူး...ကြီးတော်ရဲ့..သမီးတို့က
  မကြီးချစ်ကြိုးနဲ့လည်း သဘောတူပြီးသားပါ...''

''အံမယ်...ညည်းတို့အရင်က ချောင်းနေတာတွေ ကျုပ်အကုန်မြင်တယ်လေ...အဲ့ဒါကြောင့် နောက်ဆို ချောင်းတာတွေ ကြည့်လို့ကောင်းတာတွေကို ပြောလည်းမပြောရဘူး...ကြည့်လည်းမကြည့်ရဘူး....အေး..မှာထားတဲ့ကြားက ပြောစကားနားမထောင်ရင် ညည်းတို့ အမေရွာပြန်နေကြဖို့ပြင်..''

  ''ရက်စ်...ဆား...ကြီးတော်....''

  ''အင်းပါ...ကြီးတော်ရဲ့ စိတ်ချပါ...''

နှစ်ယောက်လုံးကို မျက်စောင်းရွယ်ပြီး အထဲဝင်ခဲ့သည်။ ကိုယ်နဲ့လာနေတာ နှစ်ချီနေပြီမို့ အလကားသက်သက်ခြောက်ရုံပြောလိုက်ခြင်းဖြစ်သည်။ သူ့အမေဆိုတာ နောက်အိမ်ထောင်နဲ့မို့ပြန်မလွှတ်ရက်ပါဘူး.....။

ညွှန်း၍မမှီ ချစ်ပုံပြင်(complete)Donde viven las historias. Descúbrelo ahora