အခန်း၂၅

22.5K 414 7
                                    

(unicode)

ချစ်ကြိုးနဲ့ကိုကြီး မနေ့က ခရီးပန်းတဲ့အရှိန်နဲ့ နှစ်ယောက်သား အိပ်လိုက်ကြတာ သူမ မျက်လုံးဖွင့်တော့ အချိန်မနည်းတော့ဘူးဆိုတာ သိလိုက်၏။
ဖက်ထားတဲ့ ရင်ခွင်ထဲက အသာရုန်းထွက်ကာ ဖုန်းက နာရီကို ကြည့်လိုက်မှ မျက်လုံးပြူးသွား၏။

''ဟယ်တော့....၉နာရီထိုးတော့မယ်''

အနားက သူကို ကြည့်လိုက်တော့လည်း နဖူးပေါ်လက်တင်၍ အိပ်မောပါ ကျနေတော့သည်။
တိုစိပ်စိပ် မျက်တောင်းတွေ စင်းကျလျက် နဖူးပေါ်မှာ မသေမသပ်ကျနေတဲ့ ဆံပင်တွေက ဖရိုဖရဲပေမဲ့ ယောကျာ်းပီသတဲ့ မျက်နှာက ပျောက်မသွားပေ။ ငေးမိနေရင်းမှ လှစ်ခနဲ ပြုံးလိုက်ကာ တစ်ချက်နမ်းလိုက်သည်။

''ယောကျာ်းကို အရမ်းချစ်တာဘဲ..ပြွတ်စ်''

ကိုကြီးရဲ့ ပါးပြင်ချောချောမွေ့မွေ့ကို အသာနမ်းရှိုက်လိုက်ပြီး တိုးဖွဖွလေး ပြောလိုက်သည်။ထို့နောက် အိပ်ယာထဲက ထလိုက်ပြီး မှန်တင်ခုံရှေ့ထိုင်ကာ ဘဝရဲ့နေ့သစ်ကို စရဖို့ တွေးလိုက်သည်။ ကိုကြီးအပေါ်မှာလည်း တာဝန်ကျေတဲ့ ဇနီးလေးဖြစ်ရမယ်၊ နောက်ကြရင်လည်း သာယာတဲ့မိသားစုဘဝလေး တည်ဆောက်မည်ဟု စဥ်းစားရင်း ကြည်နူးစွာ ပြုံးလိုက်သည်။

ဘာမှအဆင်သင့်မဝယ်ခြမ်းထားရလို့ မျက်နှာသစ်သန့်စင်ပြီးတာနဲ့ ကော်ဖီဖျော်ဖို့ ရေနွေးလေးဘဲ တည်ထားလိုက်သည်။ မျက်နှာလေးကို သနပ်ခါးရေကျဲလေးပွတ်ကာ ဆံပင်တိုလေးတွေကို ယုန်ခေါင်စီးကွင်းလေးနဲ့စုချည်ပြီးထမင်းစားခန်းနဲ့တွဲရက် ချက်တဲ့ပြုတ်တဲ့နေရာလေးမှာ သန့်ရှင်းရေးလုပ်ရသည်။

''မိန်းမ..ဗိုက်ဆာနေပြီလား..''

''ဟင်..နိုးပြီလား''

သွားပွတ်တံကိုင်လျက် အပြင်ထွက်လာတဲ့
ကိုကြီးက ရေချိုးခန်းထဲဝင်ရင်း မေးသည်။
ချစ်ကြိုးက လက်တွေသေချာပြန်ဆေးကာ
ကော်ဖီဖျော်ဖို့ ပြင်သည်။ တခြားဘာမှ မရှိပေမဲ့ကော်ဖီက မနေ့က ထည့်ယူလာလို့ အတော်ဖြစ်သွားသည်။

သူ မျက်နှာသစ်၊သွားတိုက်ပြီး ထမင်းစားခန်းထဲ ပြန်ဝင်ကာ ချစ်ရတဲ့သူမလေးအနားသွားလိုက်သည်။ စားပွဲခုံမှာ ကော်ဖီဖျော်နေတဲ့ သူမရဲ့နောက်က သိုင်းဖက်ကာ ဂုတ်ပိုးသားဖြူဖြူနုနုလေးကို နမ်းရှုံ့လိုက်ပြီး။

ညွှန်း၍မမှီ ချစ်ပုံပြင်(complete)Donde viven las historias. Descúbrelo ahora