(unicode)
ဒီနေ့ဆို သူမတို့ရဲ့သားလေး ၂လပြည့်ပြီ။ မိုးလင်းမိုးချုပ် သားလေးကို နို့တိုက်လိုက်၊ သိပ်လိုက်နဲ့ချစ်ကြိုးလည်း အားရတယ်ဆိုတာ မရှိပါ။
''ကြည့်ပါအုံး...ရှုးရှုးတွေ စိုရွဲနေပြီ ''
''အဲ့...အူဝဲ...''
''အေးပါ..သားရယ်..ကျွတ်..ကျွတ်..ခဏလေး''
နေဝန်း အိပ်နေရာမှ မျက်လုံးတွေ ပွင့်သွားရသည်။ ဘေးနားမှာ သေးခံလဲပေးနေတဲ့ သားအမိကို ကြည့်ရင်း ပြုံးလိုက်သည်။ ချစ်စရာ မေမေသေးသေးလေးမှာ နို့တိုက်ဂါဝန်အနီလေးနဲ့ ဆံပင်လေးတွေ ဘီးကုပ်နဲ့လှမ်းတင်ကာ အလုပ်ရှုပ်နေတော့သည်။
''ကိုယ် လဲပေးရမလား...မိန်းမ''
''ဟင်...ကိုကြီးနိုးသွားတာလား...''
ညဘက်တွေ ခလေးနို့ထတိုက်တိုင်း ကိုကြီးခမျာအိပ်ရေးပျက်ရှာသည်။ ချစ်ကြိုးက အိပ်ရက်တိုက်ပြီး ခလေးလေးကို ကိုကြီးက ထိန်းကိုင်ပေးတာဖြစ်သည်။ အဲ့ဒါကြောင့် မနက်ဆို နေဝန်းက ၈နာရီခွဲလောက်မှ နိုး၊ မနက်ပိုင်းစရင်းသွားစစ်ပြီးတာနဲ့ မိန်းမနဲ့သားအနား ကပ်နေသူဖြစ်သည်။
''အင်း..ကိုယ်အိပ်ရေးဝပါပြီ မိန်းမရဲ့''
''ဟုတ်လို့လား...အခုမှ ၇နာရီ၁၅ဘဲဲရှိသေး''
''အင်း..သား နို့ဟပ်နေပြီ ၊ ဟားဟား...မိုးလင်းတာနဲ့စို့မယ်ဆိုတာဘဲကွာ...''
''ဟုတ်ပ...အစားပုပ်လေး..''
ချစ်ကြိုးလည်း တစောင်းလေးလှဲပြီး နို့တိုက်ဖို့ပြင်သည်။ ကိုကြီး အိပ်နေတဲ့ ဘက်ကို မျက်နှာမူထားလို့ သားနဲ့သူမကို သဘောကျစွာ ကြည််နေတဲ့ကိုကြီးရဲ့ မျက်လုံးများက ကြည်နူးမှုနဲ့။
''ပေါက်စနလေး...အဟွန်း...''
နို့စို့နေတဲ့ သားငယ်လေးရဲ့ ကိုယ်လုံးသေးသေးလေးကို သူပွတ်သပ်လိုက်ရင်း အသည်းယားနေရသည်။ အရင်က လင်မယားနှစ်ယောက်ဘဲ ရှိခဲ့တဲ့အိပ်ယာလေးက အခုတွင်တော့ အသေးလေးတစ်ယောက်ပါ တိုးလာခဲ့ပြီ။
''တော်သေးတာပေါ့..ကိုယ့်မိန်းမက နို့ပေါလို့ ၊ဒီကောင်လေး အစားပုပ်တာနဲ့ နို့သိပ်မထွက်ရင်ဒုက္ခနော်..''
CZYTASZ
ညွှန်း၍မမှီ ချစ်ပုံပြင်(complete)
Romansတောရွာက ချစ်စရာဇာတ်လမ်းလေးတစ်ပုဒ်။ ဖူးစာပါရင် ရှောင်လွဲလို့မရဘဲ၊မထင်မှတ်ဘဲအိမ်ထောင်ကျသွားတဲ့အဖြစ်လေး...။ (နေဝန်း+ချစ်ကြိုး)