အခန်း၁၇

21.9K 463 13
                                    

(unicode)

''ခါးဆိုက်က ၂၄...''

''ရင်ကရော...မဖြူ''
       
''၃၄၊ တင်က ၃၆.. ''
        
သတို့သမီးဝတ်စုံ ချုပ်တဲ့ ဆိုင်မှာ ချစ်ကြိုးရဲ့ခန္ဓာကိုယ်အတိုင်းကို ထိုဆိုင်က ကောင်မလေးနှစ်ယောက်က တိုင်းလိုက်မှတ်လိုက်နဲ့  ပေကြိုးတစ်ချောင်းနဲ့ အလုပ်ရှုပ်နေတော့သည်။

အနားမှာ ကိုကြီးလည်း ရှိနေတော့ မျက်နှာပူရပေမဲ့ အတိုင်းမခံလို့ကလည်း မရ။ အမြန်၁ပတ်အတွင်းချုပ်ခိုင်းတာမို့ ပိုက်ဆံတော့ ပိုပေးရမှာဖြစ်သည်။ အနားက ပြုံးဖြီးဖြီး
ကြည့်နေတဲ့ သူက မျက်တောင်ခက်ရဲ့လားမသိ။ ချစ်ကြိုးမှာလည်ပင်းလေး ပွတ်လိုက်၊ နဖူးလေးပွတ်လိုက်နဲ့ ရှက်ကိုးရှက်ကန်းနဲ့ ငြိမ်နေရသည်။

''ခန္ဓာကိုယ်လေးက လှလိုက်တာ၊ ညီမရယ်...
ဒါနဲ့ ဒီအစ်ကိုကြီးက သတို့သားလားဟင်''

   ''ရှင်..ဟုတ်....အစ်မ''

ခုံမှာထိုင်နေတဲ့ လူကို သူတို့တစ်ချက်လှမ်းကြည့်ပြီး စပ်စုလိုက်သည်။ အရပ်မြင့်မြင့်နဲ့ အသားကညိုစိမ့်စိမ့်၊ မျက်ခုံးတန်းတန်းနဲ့ တကယ်ရုပ်ဖြောင့်တဲ့ လူက ဒီညီမလေးကို ကြည့်နေပုံကအစ တကယ်နူးနူးညံ့ညံ့။ကံကောင်းလိုက်တာဟု တွေးပြီး ချစ်စရာနုနုငယ်ငယ် သတို့သမီးလေးကို အားကျစွာကြည့်လိုက်သည်။

  ''သြော်...ဒါဆို..သတို့သားဝတ်စုံရော ကြည့်
   သွားလေ..အကုန်အပြီးအစီးရှိတယ်''

  ''ဟုတ်...အဲ့ဒါဆို ကြည့်လိုက်မယ်လေ...''

ချစ်ကြိုး ရွေးချယ်ထားတဲ့အရောင်က ပိတောက်ခြောက်ရောင်ဖျော့ဖျော့လေးမို့ ကိုကြီးနဲ့ဆိုလည်းလိုက်ဖက်မှာ ကျိန်းသေသည်။

''ကိုကြီး..ချစ်ကြိုးရွေးတဲ့အရောင်သဘောကျ
ရဲ့လားဟင်...''

''အင်း...လှပါတယ်..ကိုယ်လည်းသဘောကျ
  တယ်..''

ခဏနေတော့ ပိုးပုဆိုးဗူးတွေနဲ့ တိုက်ပုံအပါအဝင်  ရှပ်အင်္ကျီလည်ကတုံးတွေပါ လာချပေးသည်။သူမရဲ့အင်္ကျီဝတ်စုံနဲ့ အရောင်ကိုက်ပြီး ကိုကြီးအတွက်ပါ ရွေးချယ်လိုက်သည်။

''ညဘက်ဝတ်ဖို့ရော..ရွေးလေ..ကိုကြီးရဲ့''

  ''သဲ..သဘောကျတာ ရွေးလိုက်....''

ညွှန်း၍မမှီ ချစ်ပုံပြင်(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ