အခန်း၅

18.2K 488 3
                                    

(unicode)

''မင်းတို့က ဘယ်လိုဖြစ်ရတာလဲ၊ ငါနားကြားမှားတာတော့ မဟုတ်ဘူးမလား..''

''ဖိုးညဏ် ..မင်း ပေါ်လာသေးနော်သူတောင်းစား''
     
နေဝန်းက ဖိုးညဏ်မှန်းသိတော့ တစ်ချက်ထ
ဆဲကာ မျက်လုံးတွေပြန်မှိတ်သည်။
အကုန်လုံးစုပြီးထိုင်နေတာ  နေဝန်းတို့အိမ်မှာ။ အတူတူသွားပြီး ဖြစ်ပျက်သွားတဲ့ ကိစ္စတွေမှာဘာတစ်ခုမှ မသိလိုက်ရတော့ ဖိုးညဏ်ခမျှာ အိပ်မှုံစုံဖွားဖြင့် အခုမှအပြေးလာရသည်။ အိပ်ယာနိုးလာတော့ နေ့လည်၁၁နာရီ...အိမ်က အမေပြောမှ သိရတာဖြစ်ပြီး နေဝန်းတို့အိမ်ကို သိချင်စိတ်နဲ့ပြေးလာတာ သူ့အဖြစ်က ဖိနပ်တောင်မပါ။

''ဟေ့ကောင်...တရေးနိုးလာမှ ပြူးတူပြဲတဲနဲ့၊ အိမ်မက်က ထပြေးလာတာလား...''

''ဟားဟား...အောင်ခြိမ့်ပြောတာ ဟုတ်လောက်မယ်..အိမ်မက်က ထပြေးလာတာထင်တယ်''

ဖိုးခွားနဲ့အောင်ခြိမ့်က ပုဆိုးစွန်တောင်ဆွဲပြီး အူယားဖာယားပြေးလာတဲ့ ဖိုးညဏ်ကို နောက်ကြသည်။ နေဝန်းကတော့ မျက်လုံးစုံမှိတ်လျက် ကုလားထိုင်အရှည်ကြီးမှာ ဆန့်တာလည်းမဟုတ်ဘဲ နဖူးပေါ်လက်တင်ကာ မှေးနေသည်။ အပြင်ဘက်ကို ကျနေတဲ့ ခြေထောက်ကို ဖိုးညဏ်က ကိုင်လှုပ်လျက် သိချင်တာကို မရမကမေးနေတော့သည်။

''ဖြေကွာ...မင်းနဲ့ချစ်ကြိုး တကယ်ဘဲလား၊ ငါယုံတောင်မယုံနိုင်ဘူးကွာ....''

''ဟ...ဟုတ်လို့ ရက်တောင်သတ်မှတ်ပြီးပြီ၊ မင်းကို နောက်နေတယ်များထင်နေလား....''
   
နေဝန်းရဲ့ စိတ်မရှည်တဲ့အသံက ခပ်ကျယ်ကျယ်ထွက်လာသည်။ အခုမှ ရုပ်ရှင်ဆန်ဆန်ဖြစ်သွားတဲ့ သူ့အဖြစ်ဟာ တကယ်ကို ဗြုန်းစားကြီး မိန်းမရတော့မည်။   

''ငါက မင်းတို့ပြန်ရောက်နေပြီ ထင်တာ..''

''တော်တော့...ခွေးကောင်...အခုမှ လာပြောနေလည်း ဘာမှမထူးတော့ဘူး...''

နေဝန်းက အိပ်နေရာမှ ထိုင်ခုံပေါ်မှာပြန်ထိုင်ကာစီးကရက်မီးညှိသည်။ ညကတည်းက ကောင်းကောင်းမအိပ်ရသေးတော့ မျက်လုံးတွေလည်း နီရဲကာ လူက မှင်သေသေဖြစ်နေရသည်။မတိုမရှည်ဆံပင်တွေကို လက်နဲ့သပ်တင်ပစ်ကာသက်ပြင်းချလိုက်ပြီး စီးကရက်ကို တစ်ချက်ဖွာသည်။

ညွှန်း၍မမှီ ချစ်ပုံပြင်(complete)Donde viven las historias. Descúbrelo ahora