အခန်း၁၉🖤

35.2K 467 4
                                    

(unicode)

နှုတ်ခမ်းရဲရဲလေးတွေ ထူအမ်းလျက်၊ မျက်တောင်ရှည်တွေကလည်းကော့ညွှတ်ပြီး
အိပ်ရင်း ယောင်နေတာထင်သည် ရှိုက်သံလေးက ထွက်လာသေးသည်။မြတ်နိုးစွာ ကြည့်နေရင်းမှ ဝင်းမွှတ်နေတဲ့ပါးပြင်နုနုလေးကို စိတ်မထိန်းနိုင်စွာ သူ ဖိကပ်နမ်းရှိုက်လိုက်ပြီး နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်လေးတွေကိုပါ သပ်တင်ပေးလိုက်သည်။

အချိန်မနည်းတော့ဘူးဆိုတာ သိပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အခုထိ သူ့မှာ အိပ်မပျော်နိုင်။ ချစ်လိုက်ရတာဟု တဖွဖွပြောမိနေရင်း သူမရဲ့ပုခုံးသားဝင်းဝင်းလေးတွေ၊ ညှပ်ရိုးလှလှလေးတွေကို ညှင်သာစွာနဲ့ အနမ်းသူခိုးလုပ်နေရင်း ချစ်တံဆိပ်တွေ ပေးမိနေတာ အကြိမ်ကြိမ်။

''ဟင်...ကိုကြီး...''

အိပ်နေရာမှ ထိတွေ့နေတဲ့ လေဝင်လေထွက်နွေးနွေးကြောင့် ချစ်ကြိုး နိုးသွားရသည်။ အိပ်ရသေးပုံမပေါ်တဲ့ ကိုကြီးရဲ့ မျက်လုံးတွေက ကြည်စင်လျက် သူမရဲ့ ဦးခေါင်းလေးကို လက်မောင်းပေါ်ပွေ့တင်လိုက်သည်။

''နေပါ...တော်ကြာ လက်ကျဥ်အုံးမယ်''

''မကျဥ်ပါဘူး...မိန်းမရဲ့၊ ကိုယ်နမ်းနေတာနဲ့ နိုးသွားတာလားဟင်''

''အင်း..ကိုကြီးကရော မအိပ်သေးဘူးလား''

ဂွမ်းစောင်အနီကြီးရဲ့ အောက်မှာ နှစ်ယောက်သားပူးကပ်ဖက်လျက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည်နူးစွာ ကြည့်မိရင်း စကားသံလေးတွေကအစ နူးညံစွာထွက်နေတော့သည်။
ကြင်စဦးဆိုတဲ့အတိုင်း မျက်ဝန်းလေးတွေကအစချစ်ရိပ်တွေ ဖုံးလွှမ်းနေတော့သည်။

''အခုထိ ရင်ခုန်နေသေးလို့...အိပ်လို့မပျော်ပါ
ဘူးကွာ...''

သူပြောလိုက်တယ်ဆို မျက်လွှာလေးချပြီး ရှက်သွားတဲ့ ပုံရိပ်လေးကို ကြည့်ရင်း ပြုံးလိုက်သည်။

''သွားပါ...သူများကို အတင်းအကျပ်နဲ့...''

''အရမ်းချစ်လို့လေ..မိန်းမရဲ့၊ ဒါနဲ့ အခုရော
နာနေသေးလားဟင်''

''ကိုကြီးနော်....''

ရှက်ရှက်နဲ့ အခုထိ အဝတ်မကပ်သေးတဲ့ သူရဲ့ရင်ဘက်ကြီးကို တွန်းထုတ်ပစ်လိုက်သည်။ ရှက်ပါတယ်ဆိုမှ တိုးဖွဖွရယ်သံနဲ့အတူ သူမရဲ့လည်တိုင်ကြား မျက်နှာအပ်ပြီး အနမ်းတစ်ပွင့်ခြွေလိုက်သေးသည်။ ပြီးမှ မျက်လုံးချင်းပြန်ဆုံကာ။

ညွှန်း၍မမှီ ချစ်ပုံပြင်(complete)Opowieści tętniące życiem. Odkryj je teraz