အခန်း၁၆

19.2K 470 5
                                    

(unicode)

''တင်..တင်....''

ဖုန်းနဲ့ နှိုးစက်ချထားလို့ အသံကြားတယ်ဆို
ချစ်ကြိုး  အိပ်ယာနိုးလာသည်။ မနက်၆နာရီမှ
ကားထွက်မယ်ဆိုပေမဲ့ ရေချိုးပြင်ဆင်ရမှာဆိုတော့ (၅)နာရီလောက်ထမှ အတော်ကျမည်။

အိပ်ယာထဲက ထဖို့ အားယူနေတုန်း ကြက်တွန်သံခပ်သဲ့သဲ့ပါ ထပ်ကြားလိုက်တော့ ကိုကြီးရဲ့ရင်ခွင်ထဲက သူမ ရုန်းထွက်လိုက်သည်။

အခန်းပြင်ထွက်တယ်ဆို မီးဖိုချောင်ထဲမှာ လှုပ်ရှားနေတဲ့ မေမေမြတ်ကိုတွေ့လိုက်ရသည်။
 
''မေမေမြတ်..အစောကြီးရှိသေးတာကို..ဘာတွေချက်နေတာလဲဟင်''
      
''ဟော..သမီးတောင် နိုးလာပြီ၊ မေမေ ပဲပြုတ်လေးနဲ့ ထမင်းကြော်ပေးနေတာ....သမီးနဲ့သား စားသွားရအောင်လေ''
      
ဒေါ်မြတ်ဆင့်  ချွေးမလေးကို ကြည့်ရင်း ပြုံးလိုက်ကာ ရေနွေးအိုးတည်ဖို့ပါ ပြင်ဆင်လိုက်သည်။တစ်ဖက်ကလည်း ထမင်းကြော်အိုးမွှေရင်း မနက်ခင်းဝေလီဝေလင်းအချိန်မှာ မီးခိုးအူအူလေးနဲ့ ထမင်းကြော်အနံ့လေးက မွှေးမွှေးကြိုင်ကြိုင်နဲ့ စားချင်စဖွယ်။

  ''ဟုတ်... ရေချိုးမလားလို့၊ အဟင်း....''

''ကောင်းတာပေါ့...ဒါမှလန်းလန်းဆန်းဆန်းရှိသွားမှာ...နောက်ဖွေးအုတ်ကန်မှာ ရေအပြည့်ဖြည့်ထားတယ်..သမီး ၊ သွားချိုးချည်.....''
      
   ''ဟုတ်...မေမေမြတ်...''     
       
ချစ်ကြိုးပြောပြီး အပေါ့အပါးသွားပြီးတာနဲ့ အခန်းထဲပြန်ဝင်ပြီး ရေချိုးဖို့ပြင်သည်။
အင်္ကျီချွတ်မလို့ ပြင်ပြီးကာမှ  အိပ်နေတဲ့ ကိုကြီးအနား သွားရပ်ကာ  နိုး၊ မနိုးအတည်ပြုလိုက်သည်။ ခပ်တင်းတင်းစေ့ပိတ်ထားတဲ့နှုတ်ခမ်းအစုံကို အကြည့်ရောက်မိတော့ ညကနမ်းခဲ့တဲ့ပုံရိပ်တွေ ပြန်မြင်ယောင်ပြီး ရှက်သလိုလိုဖြစ်သွားရသည်။ ကြည့်နေရင်း မနိုးသေးတာ သေချာမှ ရေလဲပါထိုင်းထဘီအဝါလေး ယူကာ ခုတင်ခြေရင်းမှာ အင်္ကျီချွတ်ဖို့ ပြင်သည်။

နေဝန်း နှိုးနေကာမှ အသံတိတ် ခိုးကြည့်လိုက်သည်။ ဆံပင်လေးတွေမြှင့်စီးကာ ထဘီရင်လျားလေးနဲ့ သူမလေးရဲ့ကျောပြင်လေးက ဖွေးနုဝင်းထိန်ကာ ဂုတ်သားဖြူဖြူနုနုလေးတွေကလည်းအသည်းယားစရာ။ ကျောပေးရပ်ထားလို့ သူမရဲ့အချိုးအစားလှလှလေးတွေကို ရင်သပ်ရှုမောဖွယ်မြင်နေရသည်။ အမြဲတမ်းဘောင်းဘီရှည်ပွပွလေးတွေဝတ်တက်တဲ့ သူမရဲ့ခန္ဓာကိုယ်လေးက
အခုထဘီလေးနဲ့မှ ပိုပြီးပေါ်လွင်တော့သည်။

ညွှန်း၍မမှီ ချစ်ပုံပြင်(complete)Donde viven las historias. Descúbrelo ahora