Unicode
မနက်ခင်းရဲ့ နေရောင်နုနုက မှန်တံခါးတွေကတစ်ဆင့် ဖြူလွှလွှ ကုတင်ပေါ် ဖြာကျနေတယ်။
အပေါ်ပိုင်းအ၀တ်မပါဘဲ စောင်ကို ကိုယ်တစ်၀က်သာခြုံထားတဲ့ ကောင်လေးနှစ်ယောက်ကတော့ နွေးနွေးထွေးထွေး ဖက်အိပ်လို့။ခပ်ညိုညိုရင်ခွင်ကျယ်မှာ ဖြူအုအုမျက်နှာလုံးလုံးလေးက အပ်လို့ရယ်။
ရှောင်းကျန့် သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ရှောင်းငယ်ကို မြတ်မြတ်နိုးနိုး ငေးကြည့်နေမိတယ်။
ညက ရှောင်းကျန့် အများကြီး အချစ်ကြမ်းထားတာမို့ ရှောင်းငယ်ဟာ ညနက်မှအိပ်ရတာ။ ပင်ပန်းထားတာမို့ အိပ်ပါစေလေ။လက်မောင်းတစ်ဖက်ကို ရှောင်းငယ်က ခေါင်းအိပ်ထားတာကြောင့် ကျဉ်နေသော်လည်း ရှောင်းငယ်နိုးသွားမှာစိုးလို့ ရှောင်းကျန့်ကမလှုပ်ရဲ။
အိပ်မောကျနေတာမို့ ထော်ထွက်နေတဲ့ ပန်းနုရောင် နှုတ်ခမ်းလုံးလုံးလေးက ညက သူမြိန်ရေရှက်ရည် စားသုံးထားတာကြောင့် ဖူးယောင်လို့နေတယ်။မို့အစ်နေတဲ့ ရှောင်းငယ်ရဲ့ ပါးဖောင်းဖောင်းလေးကို လက်ညှိုးနဲ့ထိကြည့်တော့ အိကနဲ နစ်၀င်သွားလိုက်တာများ ဂျုံပေါက်စီလေးလိုပဲ။ ကြည့်ရင်း ရှောင်းကျန့် တစ်ယောက် အသည်းယားလာတာမို့ ရှောင်းငယ်ရဲ့ ပါးဖောင်းဖောင်းကြီးတွေကို နမ်းပစ်လိုက်တော့တယ်။
အဲ့ပါးဖောင်းဖောင်းကြီးက ရှောင်းငယ် ငယ်ငယ်ကအတိုင်း မပြောင်းလဲဘဲ ဖောင်းမြဲဖောင်းစဲပဲ။
ရှောင်းငယ်ရဲ့ ပါးပြင်နုနုကို လက်မလေးနဲ့ အသာပွတ်ပေးရင်း ရှောင်းကျန့် အတွေးတွေခြေဆန့်မိတယ်။ညတုန်းက ရှောင်းငယ်ဟာ ရှောင်းကျန့်ကို ငယ်ငယ်ကလို ပြန်ပြီး မြင်နိုင်သွားရတယ်။ ရှောင်းကျန့်ရဲ့ အထိအတွေ့တွေကိုလည်း ခံစားရတယ်တဲ့။ ရုတ်တရက်မို့ ရှောင်းကျန့်လည်း ဘာကြောင့်လည်းအဖြေမရှာနိုင်ခဲ့ဘူး။
တစ်ချိန်က ရှောင်းငယ်ဟာ ရှောင်းကျန့်ကို လူသားတစ်ဦးလို မြင်နိုင်၊ ထိတွေ့နိုင်တဲ့ တစ်ဦးတည်းသော လူသား။ မားမားတို့တောင် မထိတွေ့နိုင်တဲ့ ရှောင်းကျန့်ကို ရှောင်းငယ်ကပဲ ထိတွေ့နိုင်ခဲ့တာ။
![](https://img.wattpad.com/cover/336886518-288-k775380.jpg)
YOU ARE READING
샤오의 별이 - Xiao's Star (Reupload-completed)
Fanfictionရိပေါ်က လူခြောက်နဲ့ လက်ထပ်ရမှာ.. ရှောင်းကျန့် : "ရှောင်းငယ်ကို နောက်ဆုံးတော့ ကိုကို ပိုင်ဆိုင်ရပြီ...." ၀မ်ရိပေါ်: "ရိပေါ်... ကျွန်တော့်နာမည် ၀မ်ရိပေါ်.. ရှောင်းတစ်လုံးမှ မပါဘူး။ ခင်ဗျားလူမှားနေတယ်။" Note: အာရွန်း နားထောင်လိုက်ရတဲ့ လူခြောက်လေးအကြောင...