Unicode
"ရှောင်းငယ်... "
"..........."
"ရှောင်းငယ်လို့...."
"..........."
" ရှောင်းငယ်က ကိုကို့ကို မချစ်တော့ဘူး...."
"............"
"ကိုကို့ကို လူအိုကြီးဆိုပြီး စွန့်ပစ်ချင်နေတာ..."
"..........."
"ကိုကို့ကို အပိုင်ရသွားတော့ တန်ဖိုးမထားတော့တာ..."
"ဟင်း....."
"တွေ့လား... စိတ်မရှည်တဲ့ အသံကြီးနဲ့ သက်ပြင်းချနေတာ.... ကိုကို့ကို စိတ်ပျက်နေတာ..."
"ကိုကိုရေ... ဘယ်လိုဖြစ်နေတာလဲ.. ဒီမှာ မှားဆက်ကုန်ပြီ..."
နေ့ခင်းနေ့လည် အားနေချိန်မို့ ရိပေါ်က Legoထိုင်ဆက်နေတာ.. Level မြင့်တဲ့ Set ကို ၀ယ်ထားတာမို့ ဒီတစ်ခါ အာရုံတော်တော် စူးစိုက်နေရတာ...
ဒါကို ကိုကိုက သူ့ကို အဖက်မလုပ်လို့ ဆိုပြီး အနောက်ကနေ စကားနာတွေထိုးနေတာ..."ရှောင်းငယ်က ကိုကို့ကို ပစ်ထားတာလေ။ ကိုကို့မှာ ရှောင်းငယ်ပဲ ရှိတာကို.. "
ရိပေါ်ခါးကို နောက်ကနေသိုင်းဖက်ပြီး ရိပေါ် ပခုံးပေါ် ကိုကို့ရဲ့ မေးချွန်ချွန်ကို တင်ကာ ပလီပလာတွေ ပြောနေတဲ့ ကိုကိုရယ်ပါ။ Lego ကို စားပွဲခုံပေါ်မှာဆက်နေတာမို့ ရိပေါ်က ခပ်မြင့်မြင့်ထိုင်ခုံပေါ်မှာ ထိုင်တယ်။ ထိုင်နေတဲ့ ရိပေါ်ကို ကိုကိုက နောက်ကနေ မတ်တပ်ရပ်လို့ သိုင်းဖက်တဲ့အခါ ရိပေါ်က ကိုကို့ရင်ခွင်ကျယ်ကျယ်ထဲမှာ မြုပ်လို့။
"ကိုကိုရယ်.... မရစ်နဲ့ကွာ..."
"မရစ်ပါဘူး.. ချစ်နေတာကို.. အား.. မွှေးလိုက်တာကွာ"
ရိပေါ် လည်တိုင်မှာ မျက်နှာအပ်ကာ အားရပါးရ နမ်းရှိုက်ပြီး သဘောတကျပြောတဲ့ ကိုကိုရယ်ပါ။
"ရှောင်းငယ်တောင် စကားဝါပန်းနံ့လေး သင်းလာပြီ။ ကိုကိုနဲ့ အမြဲအတူတူနေလို့နဲ့ တူတယ်"
"အာ.. ကိုကိုကလည်း..."
"မရှက်ပါနဲ့ကွာ.. ရှိတာမှ ကိုယ်တို့နှစ်ယောက်တည်းကို.. အဟွန်း..."
![](https://img.wattpad.com/cover/336886518-288-k775380.jpg)
YOU ARE READING
샤오의 별이 - Xiao's Star (Reupload-completed)
Fanficရိပေါ်က လူခြောက်နဲ့ လက်ထပ်ရမှာ.. ရှောင်းကျန့် : "ရှောင်းငယ်ကို နောက်ဆုံးတော့ ကိုကို ပိုင်ဆိုင်ရပြီ...." ၀မ်ရိပေါ်: "ရိပေါ်... ကျွန်တော့်နာမည် ၀မ်ရိပေါ်.. ရှောင်းတစ်လုံးမှ မပါဘူး။ ခင်ဗျားလူမှားနေတယ်။" Note: အာရွန်း နားထောင်လိုက်ရတဲ့ လူခြောက်လေးအကြောင...