4

2.7K 192 11
                                    

Unicode

ဆရာ၀န်က သုံးသပ်တဲ့ မားမားရဲ့ အခြေအနေနဲ့ ရိပေါ်တွေ့မြင်ရတဲ့ မားမား ပုံရိပ်ဟာ ထပ်တူကျနေတာမို့ ရိပေါ်ဟာ ၀မ်းပန်းတနည်း ရှိုက်ငိုနေမိတယ်။

တစ်ဦးတည်းသော ရှိတဲ့ မားမားကို လက်မလွှတ်ဖို့ ရိပေါ်ဘာတွေများ ထပ်လုပ်ရမလဲ။
ရိပေါ်တုန်းက မားမားက ရအောင်ဆွဲထားပေးပြီး ရိပေါ်အလှည့်ကျ မားမားကို မဆွဲထားနိုင်ရင် ရိပေါ်ဟာ တာ၀န်မကျေတဲ့ သားတစ်ယောက်ဖြစ်တော့မှာ..

ငိုရလွန်းလို့ ကျိန်းစပ်လာတဲ့ မျက်၀န်းတွေနဲ့အတူ ရိပေါ် ကမိုက်ခနဲ လဲကျသွားတယ်။
ဒါပေမဲ့ အေးစက်တဲ့ ကြမ်းပြင်နဲ့ ထိတွေ့ရမဲ့အစား ရင်ငွေ့နွေးနွေးတစ်ခုကို ခံစားလိုက်ရတယ်။
ပြီးတော့ အသိစိတ်မလွတ်ခင်မှာ မြင်လိုက်ရတဲ့ အဖြူရောင်ပုံရိပ်လေး...

"ကိုကို...."
ခပ်ဖျော့ဖျော့ ခေါ်သံအဆုံးမှာ ရိပေါ်ဟာ မှောင်မဲနေတဲ့ ချောက်နက်ကြီးရဲ့တစ်ဆုံးထိ ပြုတ်ကျသွားတယ်။

"ကိုကို..."

"ရှောင်းငယ်..."

"ကိုကို..."

"လာ .. ကိုကို့ ရင်ခွင်ထဲ..."
အားကိုးတကြီး ရင်ခွင်တစ်ခု လိုအပ်နေတဲ့ ရိပေါ်ဟာ လက်‌မောင်းတွေကို ဖွင့်ဟပေးနေတဲ့ ကိုကို့ ရင်ခွင်ထဲ တိုး၀င်လိုက်တယ်။

"မားမားကို လက်မလွှတ်ချင်ဘူး ကိုကိုရယ်"

"ရှောင်းငယ်ရယ်... ဆရာ၀န်ကြီးက အကောင်းဆုံးကြိုစားပေးမယ် ပြောထားတာပဲကွယ်"

"ဒါပေမဲ့ကိုကိုရယ်.. ကိုကိုလည်းမြင်တာပဲ မားမားအခြေအနေကို...အီးဟီးဟီး.. မားမား မရှိတော့ရင် ကျွန်တော်မှာ ဘယ်သူ့မှ မရှိတော့ဘူး...."

"ကိုကို ရှိပါသေးတယ် ရှောင်းငယ်ရယ်။
ကိုကို့ကို ရှောင်းငယ်က ယုံကြည်လို့ရပါတယ်ကွယ်.."

ရိပေါ်က  ရှောင်းကျန့်ကို မယုံတာမဟုတ်ပါ။ တစ်ခုခုကို ခံစားရပေမဲ့ ထိုအရာကို ရိပေါ် မတွေးနိုင်သေးလို့။ စိတ်တွေအေးချမ်းသွားတဲ့ အချိန်မှ အချိန်ပေးပြီး အစရှာရပါအုံးမယ်။

ဒါပေမဲ့ ကျိန်းသေတာ တစ်ခုကတော့ ရိပေါ်ဟာ ရှောင်းကျန့်ကို အားကိုးတွယ်တာပါတယ်။

샤오의 별이 - Xiao's Star (Reupload-completed)Where stories live. Discover now