Unicode
"ကိုကို...."
ရိပေါ်အိပ်နေရာမှ လန့်နိုးလာတော့ အားကိုးတကြီး ခေါ်မိတာ ကိုကို့ကို..
ရိပေါ်က အိမ်မက်ဆိုးကနေ လန့်နိုးလာတာဖြစ်တယ်။ အိမ်မက်ထဲမှာ ကိုကိုက ရိပေါ်ကြည့်နေရင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာ။ ပျောက်ကွယ်စပြုနေတဲ့ အဖြူရောင်အရိပ်ငယ်ကို မချင့်မရဲလက်လှမ်းလို့ ရင်တွေကွဲကြေရတာလည်း ရိပေါ်ပါပဲ။
အိပ်မက်ထဲမှာ ကိုကိုပျောက်ကွယ်သွားတာမို့ ရိပေါ် အပြင်မှာပါ ကိုကို့ကို အသည်းအသန်ရှာမိတယ်။ ရိပေါ်ဘေးက အိပ်ရာမှာ ဘေးတစောင်းလှဲ အနေအထားနဲ့ လက်ပိုက်ပြီး အိပ်ပျော်နေတဲ့ ကိုကို့ကို မြင်လိုက်ရမှ ရိပေါ် သက်ပြင်းဖွဖွချမိတယ်။
နံရံမှာ ကပ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ ည ၂နာရီပဲရှိသေးတယ်။ရိပေါ်က လန့်နိုးလာတာမို့ ရင်တွေတလှပ်လှပ်နဲ့ နဖူးမှာလည်း ချွေးစအနည်းငယ် ဆို့နေတယ်။ ကုတင်ဘေးရှိ ရေသန့်ဘူးထဲကရေကို ဖွင့်သောက်လိုက်မှ ရင်တုန်တာ အနည်းငယ် သက်သာသွားတယ်။ ရိပေါ် လှုပ်ရှားနေတာတောင် ကိုကိုက မနိုးဘူး။ တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်မောကျနေတာ။
မှောင်နေရင် မအိပ်တတ်တဲ့ ရိပေါ်ကြောင့် ကိုကိုက ညအိပ်မီး ဝါဖန့်ဖန့်ကို ညတိုင်းထွန်းအိပ်စေတယ်။ ဒါကြောင့် ကိုကို့မျက်နှာချောချောကို ညအိမ်မီးအရောင်နဲ့ ရိပေါ် ထင်ထင်ရှားရှား မြင်နေရတယ်။
တိကျသေသပ်တဲ့ မေးရိုးက မျက်နှာအကျကို ခန့်ညားစေပြီး ခပ်တိုတို ညှပ်ထားတဲ့ ဆံပင်ကပ်ကပ်တွေကြောင့် ကိုကို့ရဲ့မျက်နှာဟာ ယောင်္ကျားဆန်တဲ့ဘက်ကို သွားတယ်။ ရိပေါ်လောက်မဖြူပေမဲ့ ညိုဖန့်ဖန့်၀င်းဝါတဲ့ အသားအရည်က ကိုကို့ကို ပိုကြည့်ကောင်းနေစေတယ်။
စွပ်ကျယ်ဖြူကို ၀တ်ဆင်ထားပြီး လက်ပိုက်ကာ အိပ်နေတာမို့ လက်မောင်းက ကြွက်သား အဖုအထစ်တွေနဲ့ ရင်ဘတ်ကကြွက်သားတွေက မို့မောက်တက်နေတာကို အတိုင်းသားမြင်နေရတယ်။
အခုမှ ရိပေါ်က ကိုကို့ကို တရှိုက်မက်မက် ငေးကြည့်နေမိတာ။ အရင်ကဆို ကိုကို့ကို ခဏပဲမြင်ရလိုက် အိမ်မက်ထဲမှာပဲ မြင်ရလိုက်နဲ့ ။ ပြီးတော့ ကိုကိုနဲ့ချစ်ကြရင် ရိပေါ်က ပင်ပန်းပြီး အိပ်ပျော်သွားတာများတယ်။ရိပေါ် နိုးလာရင်လည်း ကိုကို့ကို မမြင်ရတော့ဘူးလေ။ ချစ်နေကြတဲ့အချိန်မှာလည်း ကိုကိုပေးတဲ့ အကြင်အနာ တပွေ့တစ်ပိုက်နဲ့ နတ်ပြည်တက်နေရတာမို့ ကိုကို့မျက်နှာချောချောကို တစ်ခါမှ သေချာမကြည့်ဖြစ်ဘူး။
YOU ARE READING
샤오의 별이 - Xiao's Star (Reupload-completed)
Fanfictionရိပေါ်က လူခြောက်နဲ့ လက်ထပ်ရမှာ.. ရှောင်းကျန့် : "ရှောင်းငယ်ကို နောက်ဆုံးတော့ ကိုကို ပိုင်ဆိုင်ရပြီ...." ၀မ်ရိပေါ်: "ရိပေါ်... ကျွန်တော့်နာမည် ၀မ်ရိပေါ်.. ရှောင်းတစ်လုံးမှ မပါဘူး။ ခင်ဗျားလူမှားနေတယ်။" Note: အာရွန်း နားထောင်လိုက်ရတဲ့ လူခြောက်လေးအကြောင...