11

2.2K 131 3
                                    

Unicode

"ကိုကို...."

"သား.. ၀မ်လေး.. သတိရလာပြီလား.."

ရိပေါ်ဟာ သတိရလျှင်ရခြင်း ရှာမိတာက ကိုကို့ကိုရယ်ပါ။

"ရှောင်းမား..ကိုကို.. ကိုကိုရောဟင်..."

"သားရှောင်းပြန်လာနေပြီ။ လမ်းမှာ‌နော်။ယွီပင်းကို မား ဖုန်းဆက်ပေးထားတယ်.. ၀မ်လေး။ "

"ရှောင်းမား.. ကျွန်တော် မေးစရာရှိတယ်။ အမှန်အတိုင်းဖြေပေးပါလားဟင်"

"ဘာမေးမှာမို့လို့လဲ.. ၀မ်လေးရယ်.."

"ကျွန်တော့်ကို.. ကျွန်တော့်ကို ဘာလို့ ကိုကိုနဲ့ သဘောတူခဲ့တာ။ ယောင်္ကျားလေး နှစ်ယောက် လက်ထပ်ပွဲကို ရှောင်းမားတို့လို ဂုဏ်သရေရှိ အသိုင်းအဝိုင်းက ဘာလို့ လွယ်လွယ်ကူကူ လက်ခံခဲ့ကြတာလဲ။ ကျွန်တော့်ကို ဘယ်လိုစသိကြတာလဲ"

ရိပေါ်ဟာ ကုတင်ပေါ်မှာ လှဲနေရာကနေ ကမူးရူးထိုးထကာမေးတယ်။ရှောင်းမားက ရိပေါ်ကိုယ်လေးကို အသာထိန်းပြီး ကုတင်မှာ ခေါင်းအုံးလေးခုပြီး ကျောမှီဖို့ အဆင်ပြေအောင်လုပ်ပေးတယ်။

"‌ရှောင်းမား.. ကျွန်တော်မေးတာတွေဖြေပေးပါ.. ဘာလို့လဲလို့..."

ရှောင်းမားက ရိပေါ်လက်ကလေးကို ဆုပ်ကိုင်ပြီး မျက်ရည်တွေဝဲနေတဲ့ မျက်၀န်းတွေနဲ့ ငေးငေးလေးကြည့်နေတယ်။

"ရှောင်းမားက ဘာလို့ မဖြေတာလဲ။ ဒါဆို ကျွန်တော် မေးခွန်းပြောင်းမေးမယ်။ ကျွန်တော် ရှောင်းအိမ်တော်ကို မေ့နေတာမဟုတ်လား။ ကျွန်တော် ငယ်ငယ်ထဲက ရှောင်းအိမ်တော်နဲ့ပတ်သတ်ဖူးတယ်မဟုတ်လား။ အထူးသဖြင့် ကိုကိုနဲ့.. ကိုကိုနဲ့ ဆက်ဆံရေး တစ်ခုခုရှိတယ်မဟုတ်လား။ ဘာလို့.. ဘာလို့ ကျွန်တော်က မေ့နေတာလဲ။"

"၀မ်လေးရယ်..."

"ဖြေပေးပါမားရယ်... ကျွန်တော့် မှတ်ဉာဏ်‌ထဲမှာ ကိုကို့ကို ရှာမတွေ့ပေမဲ့ အခု.. အခု ကျွန်တော့်ရဲ့ ငယ်ဘ၀မှာ ကိုကိုရှိနေတယ်ဆိုတာ ခပ်ရေးရေးမြင်နေရတယ် မားရယ်။ ကျွန်တော် ကိုကိုနဲ့ လက်ထပ်ခဲ့ရကတည်းက ထူးဆန်းနေတာ.. ဘာလို့လဲဆိုတဲ့ မေးခွန်းတွေနဲ့လေ။ အခုတော့.. အခုတော့ ကျွန်တော် တစ်ခုခုကို သိတော့မလို ခံစားနေရတယ်။ ကြိုးစားကြည့်ပေမဲ့.. အား... မရ... ခေါင်းကိုက်တယ်မား..."

샤오의 별이 - Xiao's Star (Reupload-completed)Where stories live. Discover now