Unicode
"ရွှတ်...."
"ကိုကိုနော်..."
"ရွှတ်...."
"ကိုကိုး.. ဘယ်လိုဖြစ်နေလဲ မားမားတို့ ၀င်လာလို့ မြင်သွားရင် မကောင်းဘူး"
"ဘာဖြစ်လဲကွာ.. ကိုယ့်ယောင်္ကျားကိုယ် နမ်းတာပဲ။."
ပြောရင်း ကိုကိုက ရိပေါ် ပါးဖောင်းဖောင်းတွေကို ရွတ်ခနဲမြည်အောင် ထပ်နမ်းပြန်တယ်။
စာအုပ်စင် ရှင်းနေတဲ့ ရိပေါ်ကို ကိုကိုက နောက်ကနေသိုင်းဖက်ပြီး သူ့ရင်ခွင်ထဲမြှပ်နေအောင် ထည့်ထားတယ်။ ပြီးတော့ ရိပေါ်ပါးတွေကို တရွှတ်ရွှတ်နဲ့ ငုံ့ငုံ့နမ်းပြီး အားရပါးရကို အသားယူနေတာ။
တစ်ချိန်လုံးဖက်ထားခံရမို့ ရိပေါ်ကိုယ်မှာ ကိုကို့ရဲ့ စကားဝါပန်းနံ့သင်းသင်းတွေတောင် စွဲကပ်နေပြီ။ ရိပေါ်ဟာ ရေမွှေးတောင်သုံးဖို့မလိုတော့ဘူး။
"အာ့.. နာတယ် ကိုကိုရဲ့... ကိုက်ရလား"
ကိုကိုက နမ်းရုံအားမရလို့ ပါးအုအုကို ဆတ်ခနဲ ကိုက်လိုက်တာကြောင့် ရိပေါ်ပါးမှာ ရဲတက်သွားတယ်။ နာလည်းနာသွားတာမို့ ရိပေါ်ခါးတစ်ဝိုက်မှာ မြွေတစ်ကောင်လို ရစ်ပတ်နေတဲ့ ကိုကို့လက်တွေကို ဖြန်းခနဲမြည်အောင် ရိုက်ချပစ်လိုက်တယ်။
"ကိုကို အရမ်းအသည်းယားလို့ ဒီပါးအိအိ တုန်တုန်ကြီးတွေကို"
ရိပေါ် ရိုက်လိုက်ပေမဲ့ ကိုကိုက နာဟန်မပြဘဲ ရိပေါ်ဆံပင်တွေမှာ မျက်နှာအပ်လို့ ရိပေါ် နားသယ်စလေးတွေကို ခပ်ဖွဖွ နမ်းနေပြန်တယ်။
ကိုကိုက ရိပေါ်ကို သိပ်အသားယူတာပဲ.."ကိုကို အရင်ကရော ကျွန်တော်ကို့ ဒီလိုပဲ အသားယူနေကြလား"
ရှောင်းငယ်စကားကြောင့် ရှောင်းကျန့် တွေခနဲ တစ်ချက်ဖြစ်သွားတယ်။
အသားက အခုမှ အားရပါးရ ယူရတာ။
အရင်က ရှောင်းငယ်က အသက်မပြည့်တာမို့ ရှောင်းကျန့်က စိတ်နဲ့တောင် မပစ်မှားရက်ခဲ့တာ။
အခုမှသာ စိတ်ရော ကိုယ်ပါ အားရပါးရ ၊ ရေကုန်ရေခမ်း .... အဟွန်း...ရှောင်းကျန့် အတွေးနဲ့ အတူ အပြင်မှာ ဂျိုကာ ဆန်ဆန် နှုတ်ခမ်းတစ်ဖက်စောင်းပြီး ပြုံးလိုက်မိတယ်။
![](https://img.wattpad.com/cover/336886518-288-k775380.jpg)
YOU ARE READING
샤오의 별이 - Xiao's Star (Reupload-completed)
Fanficရိပေါ်က လူခြောက်နဲ့ လက်ထပ်ရမှာ.. ရှောင်းကျန့် : "ရှောင်းငယ်ကို နောက်ဆုံးတော့ ကိုကို ပိုင်ဆိုင်ရပြီ...." ၀မ်ရိပေါ်: "ရိပေါ်... ကျွန်တော့်နာမည် ၀မ်ရိပေါ်.. ရှောင်းတစ်လုံးမှ မပါဘူး။ ခင်ဗျားလူမှားနေတယ်။" Note: အာရွန်း နားထောင်လိုက်ရတဲ့ လူခြောက်လေးအကြောင...