(Zawgyi)
နှလုံးသားကဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတွေက ထာဝရအေးစက်သွားခဲ့တာ မဟုတ်ရင် ပြန်လည်အသက်ဝင်နိုင်ပါသေး
တယ်လေ ပြီးဆုံးသွားလေတဲ့ ဖြစ်တည်မှုချစ်ခြင်းမှမဟုတ်
တာဘဲ"အဖေ"
"ပြောလေ"
"ဟို အိမ်တော်ထိန်းကြီးက ဘယ်ကိုပြောင်းသွားတာလဲ
သိလားဟင်""ကြာနေပြီလေ သားရဲ့ ပြီးတော့ သူကဘာမှမပြောသွား
တော့ အဖေတို့လည်း ဘယ်သိမှာလဲ""ဘာဖြစ်လို့လဲ သတိရလို့လားသားလေး"
ဒိုယောင်းက သူရဲ့မိခင်ဆီက အမေးစကားကို ခေါင်းသာ
အသာငြိမ့်ပြသည်"သား ဂျယ်ဟျွန်းလေးနဲ့ တူတဲ့ကောင်လေးတွေ့ခဲ့တယ်ထင်လို့လေ"
"ဟုတ်လား အဲ့တာဆိုမှ ဂျယ်ဟျွန်းလေးတောင် လူပျိုဖြစ်နေ
လောက်ပြီနော်""ဟုတ်ရောပေါ့ ဘာလဲ သားတွေ့ခဲ့တဲ့ကောင်လေးကချစ်
ဖို့ကောင်းလား ဂျယ်ဟျွန်းက ချစ်စရာလေးလေ""ချစ်ဖို့ကောင်းတာကတော့ ကောင်းပါတယ် ဒါပေမဲ့
ယောကျာ်းဆန်တယ် ကလေးမဟုတ်တော့ဘူးဆိုတော့
ပြောင်းလဲနေပြီလေ ဒါပေမဲ့ ဂျယ်ဟျွန်း ဟုတ်မဟုတ်တော့
မသေချာပါဘူး"အဖေနဲ့အမေက သူ့စကားကို ခေါင်းငြိမ့်ပြကြရင်းလက်ခံ
ကြသည်"ဂျယ်ဟျွန်းလေးက သားလေးသွားတုန်းက အတော်လေး
ကိုငိုနေတာ ငူငူငိုင်ငိုင်နဲ့လေ ကံမကုန်သေးလို့ ထပ်ဆုံ
ဖြစ်ရင် ဆုံချင်ပါသေးတယ်""တူတူပါဘဲ အမေရယ်"
ဒိုယောင်းက ခြံထဲမှာ စဉ်းစားခန်းဝင်ရပြန်လေတယ် သူက
နိုင်ငံခြားကို စသွားတုန်းကဆို ဂျယ်ဟျွန်းလေးကို အတော်
လွမ်းနေခဲ့တာပေါ့ညီလေးတစ်ယောက်ကို လွမ်းဆွတ်နေတဲ့ အချိန်မှာ ဂျောင်ဝူ က သူ့ညီလေးအဖြစ် ရောက်လာတယ်
ဒါကြောင့် ဂျယ်ဟျွန်းကို လွမ်းနေတဲ့နေရာမှာ ဂျောင်ဝူလေး
ကို အစားထိုးရင်း သူပိုချစ်ပေးခဲ့တာပေါ့ကျောင်းချိန်ပြီးလို့ ကိုယ်တော်ချောတွေကတော့ အပြင်
ထွက်လာကြပါပြီ
