PT 4

213 26 2
                                    


( Zaw )

"ဂျယ်ဟျွန်း"

စာကြည့်နေတဲ့ ဂျယ်ဟျွန်းအနားကို လူးကပ်စ်က ဝင်ထိုင်
လိုက်ရင်း ပြုံးစ်စိဖြင့်

"ဟိတ်ကောင် မင်းစွံတယ်နော်"

"ဘာလဲကွာ"

သင်္ချာတွေနားမလည်လို့ စိတ်ရှုပ်နေတဲ့ ဂျယ်ဟျွန်းက လူးကပ်စ် စကားကို သိပ်စိတ်မရှည်

"မင်းက လည်းမိန်းကလေးတွေတင်မဟုတ်ဘဲ ကောင်လေး
တွေကိုပါ ဆွဲဆောင်နိုင်လို့လေ"

လုပ်လက်စ စာအုပ်ကိုပိတ်လိုက်ရင်း ဂျယ်ဟျွန်းက လူးကပ်စ် ဘက်ကြည့်ကာ မျက်မှောင်ကျုံ့ရင်း

"ဘာလဲကွာ စာမရတာနဲ့ မင်းကတစ်မျိုး"

"ငါပြောတာကရှင်းရှင်းလေးပါဘဲ"

"အေးလေ ဘာလဲလို့"

"ဒီလိုကွာ ... ဟို အတန်းထဲက မျက်မှန်နဲ့ကောင်လေးလေ
နုံနုံအအ ပုံစံမျိုးလေးလေကွာ အာ...မင်ထယ်ဟီး ဟုတ်တယ် မင်ထယ်ဟီး သူကမင်းကိုကြိုက်လို့တဲ့"

"ဘာ!"

"ဟုတ်တယ် အတန်းကောင်တွေ သူရေးထားတဲ့ စာအုပ်ကို
တွေ့သွားတာ"

ဂျယ်ဟျွန်းက သက်ပြင်းချလိုက်ရင်း

"အဲ့ကောင်တွေက သူများစာအုပ်လည်း ကြည့်တာဘဲလား
ခွင့်ပြုချက်မရဘဲနဲ့"

"ငါတို့က ထယ်ဟီးကိုဘာမှစိတ်မဝင်စားဘူးထင်တာ"

"မင်းပြောတာ သေချာလို့လား"

"အေးပေါ့ကွ...ဘာလဲ မင်းလည်းစိတ်ဝင်စားလို့လား"

"ငါယောကျာ်းလေးတွေ စိတ်မဝင်စားဘူး"

ပြတ်ပြတ်သားသား ဖြေလိုက်ရင်း စာအုပ်ကိုပြန်ဖွင့်ကာ
စာဘဲပြန်လုပ်နေလိုက်သည်

"အေးပါ "

ဂျယ်ဟျွန်းက ကောင်မလေးတွေနဲ့သာ လှည့်ပတ်ပြီးတွဲနေ
တာ ကောင်လေးတွေဆို စကားထဲ ထည့်ပြောလေ့မရှိ အမှန် တကယ်လည်း စိတ်မဝင်စားတာဖြစ်နိုင်သလို စိတ်ဝင်စားမဲ့သူ မပေါ်လာသေးတာလဲ ဖြစ်နိုင်သည်

"သြော် ငါမေ့နေတာ အဝူးပြန်လာတော့မယ်ကွ"

"ဟုတ်လား မင်းကောင်လေးကလေ"

Only OneWhere stories live. Discover now