PT 12 Final

282 20 3
                                    

( Zaw )

ဂျယ်ဟျွန်းတစ်ယောက် အိမ်ပြန်သွားပြီး ဆိုင်ထဲကိုဝင်ကာ
မှိုင်နေလေရဲ့ ...

"ဟဲ့ ဘာဖြစ်လာတာလဲ မျက်နှာကလည်း ဆိုင်ကိုလာပြီး
တော့မှိုင်နေတာများ"

အမေဖြစ်သူကပါ မကြည်တော့ ... အမေရေ သားက
အချစ်မှာကျရှုံးနေတာလို့ပြောရင်လည်းမယုံဘဲရယ်ဦးမယ်

"အမေ.."

"ပြော"

"ညီအစ်ကိုလို သဘောထားတဲ့လူကို ချစ်လို့ရလား"

"ဘာလဲ နင် ဒိုယောင်းလေးကို ချစ်နေတာလား"

အကြားအမြင်ရသလိုရှိနေတဲ့ အမေဖြစ်သူကို ဂျယ်ဟျွန်း
အံ့အံ့သြသြ ကြည့်မိသွားသည်

"ဂျောင်ဂျယ်ဟျွန်း ထူးဆန်းသလို လုပ်မနေနဲ့ ငါသိတယ်"

"အဲ့တာကြောင့် ထူးဆန်းတာလေ"

"ငါက နင့်အမေလေ နင့်ပတ်ဝန်းကျင်မှာ ညီအစ်ကိုလိုက
ဒိုယောင်းဘဲရှိတာလေ ဘယ်သူရှိသေးလို့လဲ"

"ဟုတ်သားဘဲ"

"ချစ်တော့လည်း ချစ်ပေါ့"

အမေဖြစ်သူက အေးအေးလူလူပြောပေမဲ့ ဂျယ်ဟျွန်းက
တော့ အဆင်မပြေ ဒိုယောင်းက သူ့ကိုဘယ်လိုသဘော
ထားမှန်းမသိ ပြီးတော့ ဒိုယောင်းပတ်ဝန်းကျင်ကလူတွေက
သူ့အတွက်သဝန်တိုချင်စရာတွေကြီး

"ဒိုယောင်းလေးက ကျောင်းပြီးရင် သူ့အဖေ လုပ်ငန်းထဲ
ဝင်ကူရမှာလေ နင်လည်းဝင်ကူလိုက်ပေါ့"

"ဘယ်လိုကူလို့ရမှာလဲ"

"အမေ ဟိုနေ့ကဘဲ ဒိုယောင်းလေးတို့ အဖေနဲ့အမေကို
တွေ့ခဲ့တယ် မတွေ့တာကြာတော့ စကားပြောဖြစ်ကြတယ်
လေ အဲ့ဒီမှာဘဲ ဒိုယောင်းအဖေ သူဌေးကပြောတယ်သူ့သားကိုမိန်းမမယူစေချင်ဘူးတဲ့လေ"

"အဲ့တော့ လူပျိုကြီး လုပ်ခိုင်းမယ်ပေါ့"

"ဟော တုံးလိုက်တဲ့ငါ့သား မိန်းမမယူရပါဘူးဆိုမှ ပြီးရော
ပေါ့"

"ယောကျာ်းယူခိုင်းမှာတဲ့လား"

အမေဖြစ်သူက ဂျယ်ဟျွန်းကို စိတ်မရှည်သလိုကြည့်လိုက်
ရင်းဘဲ

Only OneWhere stories live. Discover now