( Zaw)သံယောဇဉ်ဆိုတာ အချိန်ကြာလေ တွယ်တာလာလေ
သူတို့နှစ်ယောက် အတူတူကြီးပြင်းလာကြတာအခု
ဆိုရင် ငါးနှစ်တောင်ရှိပြီပေါ့...ကိုကိုဆိုသူက သူ့ကိုဆို ငယ်သူမို့လို့ ဂရုစိုက်နေတုန်း
သူကလည်း သူ့ကိုဂရုစိုက်ပေးနေတဲ့ ကိုကို့ ကိုမဆိုး
ချင်ပါ ဆိုးလည်း မဆိုးခဲ့ပါ ကိုကိုစိတ်ကွက်သွားမှာကို
တခြားအရာတွေထက် သူပိုကြောက်တာမို့လို့သေချာပေါက် ကိုကိုကတော့ သု့ကိုမုန်းလို့မဖြစ်ဘူး
"ဂျယ်ဟွန်းလေး"
"ဗျာ!"
အရပ်အမောင်းသိပ်မကွာပေမဲ့ ကိုကိုက သူ့ထက်တော့
နည်းနည်းမြင့်သေးသည်ကိုကို့အသံဟာ သူ့အတွက် ဆည်းလည်းသံလေးမို့လို့
ငယ်ငယ်ထဲကနေအခုထိ ကြားရတိုင်း နားဝင်ချိုစေတဲ့
အသံလေးးပုံမှန်ဆို သူ့နာမည်တောင် သူသဘောမကျတဲ့ ဂျယ်ဟွန်း
လေးက ဒိုယောင်း ခေါ်လိုက်တိုင်း သူ့နာမည်ကို သ
ဘောအကျဆုံး ဖြစ်နေလို့"ကိုကိုGame အသစ်တွေ့ထားတယ် လာဦး"
"လာပြီ ကိုကို"
ဘာဘဲဖြစ်ဖြစ် သူ့ကိုတော့ မမေ့တဲ့ ကိုကိုဆိုသူကို
သူသဘောကျပါသည်နှစ်ခါခေါ်စရာမလိုအောင် သူသဘောကျကာ အပြေး
လာမိသည်အထိ"လာလာ! အတူတူကစားမယ်"
"ကျွန်တော်မှ ဘယ်လိုကစားရမလဲ မသိတာ"
"ကိုကို ပြောပြမှာပေါ့"
ကိုကိုဟာ သူ့အပေါ်အချိုသာဆုံး လူသားရယ်ပါ
"ကလေးတွေ ထမင်းစားမယ်လေ"
"ဟုတ်ကဲ့ မေမေ!"
ဒိုယောင်းက ထဖို့လုပ်ပေမဲ့ ဂျယ်ဟွန်းကတော့ ဂိမ်းထဲသာ
စိတ်နှစ်ထားရသည်"သွားမယ်လေ"
"ကျွန်တော်ကစားလို့မပြီးသေးဘူး ကိုကို"
"ထမင်းစားပြီးရင် ကိုကိုနဲ့ဆက်ကစားမယ်နော် ဒီည
ကိုကိုနဲ့ လာအိပ်ပေါ့နော်""ဟုတ်"
လက်လေးတွဲပြီး ထမင်းစားခန်းဆီကို ဝင်သွားသည်
မှာလည်း တည့်တည့်မတ်မတ်...
