PT 9

164 22 2
                                    

( Zawgyi )

လှလှပပလေး ဘောင်ခတ်ထားတဲ့ ဓာတ်ပုံကို ဒိုယောင်း
ကြည့်မဝဖြစ်လို့နေလေပြီ သူတို့ပေါက်စဘဝတုန်းက
ရိုက်ထားတဲ့ပုံလေးကို ဒီနေ့မှ ဒိုယောင်းအလှဆင်ပြီးဘောင်
တပ်လိုက်ပြီလေ

အရင်တုန်းကပုံဘဲရှိပြီး အခုအသက်အရွယ်နဲ့ပုံကမရှိဘူး
မဟုတ်လား

"သားရေ"

"ဗျာ"

ဘောင်တပ်ထားတဲ့ ဓာတ်ပုံလှလှလေးကို အံဆွဲထဲထည့်
ထားလိုက်ရင်း အခန်းပြင်ကိုထွက်လိုက်သည်။

"အဝူးး စာလုပ်ရတာအဆင်ပြေရဲ့လား"

"ဒါပေါ့ မပြေစရာရှိလား မောင်ရှိနေတာဘဲကို"

"စကားတတ်လိုက်လေခြင်းကွာ"

ဒီနေ့အတွက် အတွဲကြားထဲညှပ်တာတော့ ဂျယ်ဟျွန်းပင်
မနေ့က ဒိုယောင်းက အတွဲကြားထဲနေပြီး သူတို့ ရိုနေကြ
တာဘဲထိုင်ကြည့်နေခဲ့ရတာလေ

"အာ...ဆရာအသစ်ရောက်မယ်ဆို"

"ဟုတ်တယ် ငါမနေ့က သတင်းကြားထားတယ်"

"နိုင်ငံခြားကလာတာဆို"

"အေးလေ"

ဂျောင်ဝူက ဘာမှမပြောဘဲသူတို့ပြောတာဘဲနားထောင်
နေလိုက်သည်

"ဘယ်မေဂျာသမားတွေကို အဓိကသင်မှာလဲ"

"မသိဘူး"

"ငါတို့မဟုတ်ရင်ပြီးတာဘဲ မဟုတ်ရင်တောင်အခုသင်နေ
တဲ့ဆရာတွေနဲ့တင် စာကမရှင်းမရှင်းဖြစ်နေတာ အထက်
တန်းတုန်းကတောင်စာတွေနားလည်ဦးမယ်"

"တက္ကသိုလ်မှာ ကောင်းတယ်ဆိုတာ တကယ့်ဂျင်းဘဲ"

ဂျယ်ဟျွန်းကတောင် လက်မထောင်ရင်ထောက်ခံသည်။
တကယ်လည်း စာမရှင်းတာကခပ်များများလေ အခုမှပထမ
နှစ်ဘဲရှိသေးတာကို ဘာဆိုဘာမှနားမလည်တာ အတန်း
ကြီးလာရင် ကောင်းရောဘဲ

ဒီကြားထဲ အတန်းတစ်တန်းလစ်ရင် သိသိသာသာကို နစ်
နာတယ်

ပြောရင်းဆိုရင်းပင် ကားတစ်စီးဝင်ရောက်လာပြီး သူတို့
ရှေ့ကနေ လူတစ်ယောက်ဖြတ်သွားခဲ့တယ် ပုံစံကြည့်ရ
တာတော့ ကျောင်းသားပုံစံမဖြစ်နိုင်

Only OneWhere stories live. Discover now