PT 8

157 18 4
                                    

( Zaw )

လူးကပ်စ်နဲ့ဂျောင်ဝူက မုန့်စားနေကြပေမဲ့ ဒိုယောင်းကတော့ ကွန်ပျူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေဆဲ

"အစ်ကို ဒိုယောင်း မုန့်လေးလဲစားပါဦး ကုန်သွားမှမစား
ရဘဲနေဦးမယ်"

"ကုန်သွားတော့လည်း ထပ်မှာပေါ့ကွာ"

ဒိုယောင်းက ကွန်ပျူတာထဲမှာဘဲ အာရုံရှိနေတာမို့ ဂျောင်ဝူ
လည်း အထူးတလည်ထပ်မခေါ်တော့။ အေးလေ ကုန်သွား
ရင်ထပ်မှာလိုက်မှာပေါ့ မဟုတ်ဘူးလား။

လူးကပ်စ်က မုန့်တွေစားနေရင်း မှန်ကာထားတဲ့ နံရံတစ်
ဖက်ကိုကြည့်လိုက်မိတော့ ပြုံးစိစိဖြင့်

"ထယ်ဟီတောင် ဂျယ်ဟျွန်းနဲ့ရည်းစားဖြစ်သွားပြီဘဲ"

ဂျောင်ဝူက လူးကပ်စ်ကြည့်နေတဲ့ နေရာကိုကြည့်လိုက်တော့ ဒိုယောင်းကပါ ခေါင်းထောင်ပြီး လိုက်ကြည့်လာ
ခဲ့သည်။

"အဲ့တော့ အဲ့တာဂျယ်ဟျွန်းရည်းစားလား"

"အင်း"

"ချစ်စရာလေးနော် ဂျယ်ဟျွန်းကမပြောပြဘူး"

ဂျောင်ဝူ အထင်လွဲနေမှန်း သဘောပေါက်သွားတာမို့

"အယ်...ဂျယ်ဟျွန်းဆိုတာက ရှေ့နေ ဂျယ်ဟျွန်းကိုပြော
တာနော် မောင့်သူငယ်ချင်းမဟုတ်ဘူး"

"သြော်..."

"ဂျယ်ဟျွန်းက အဖြောင့်ကြီး သူကမိန်းကလေးတွေဘဲစိတ်
ဝင်စားတာလေ"

ဒိုယောင်းက ခေါင်းလေးပြန်ငုပ်သွားပြီး ကွန်ပျူတာထဲကိုဘဲ
စိတ်ပြန်ရောက်သွားသည်

"ဟော ဟိုးမှာကြည့်"

လူးကပ်စ်မျက်စပစ်ပြတဲ့ နေရာကိုကြည့်တော့ ကောင်မလေးတစ်ယောက်က ဆိုင်ထဲဝင်လာပြီး မုန့်မှာနေတာ

"အဲ့တာ ဂျယ်ဟျွန်းနောက်ဆုံးတွဲခဲ့တဲ့ကောင်မလေးလေ"

"လှသားဘဲ ဘာလဲသူတို့က ပြတ်သွားပြီလား"

"အင်း တစ်လလောက်ရှိပြီလားဘဲ ဂျယ်ဟျွန်းတောင်နောက်တစ်ယောက်ထပ်ရတော့မယ်"

"စွံလိုက်တာဟ"

ဂျောင်ဝူက ဂျယ်ဟျွန်းရဲ့ စွံချက်ကို အံ့အားသင့်သွားသည်

Only OneWhere stories live. Discover now