PT 1

569 33 0
                                    

{ Zaw }

စတင်ခဲ့ခြင်းက~~~~

"ဒိုယောင်းလေး"

၅နှစ်သားလေး ဒိုယောင်းက သူ့မေမေရဲ့ ခေါ်သံ
ကြောင့် အိမ်ပေါ်ထပ်ကနေ အောက်ထပ်ကို ဖြေး
ဖြေးချင်း ဆင်းခဲ့လေရဲ့ အရမ်းကို ချစ်ဖို့ကောင်းစွာလေ

"လာပါဦး သားရဲ့"

လိမ်လိမ်မာမာနေတတ်တဲ့ ဒိုယောင်းလေးက အပြုံး
လေးနဲ့ပင် ဆင်းလာခဲ့သည် သူ့မေမေအနားကိုအ
ရောက်သွားခဲ့ပြီးမှ

"ဘာဖြစ်လို့လဲ မေမေ"

"ဒီမှာကြည့်ပါဦး သားအဖော်ရတာပေါ့ အိမ်တော်ထိန်း
ကြီးရဲ့ သားလေးလေ"

သူ့ထက်ငယ်ဟန်ရှိမယ့် ကလေးလေးကို ဒိုယောင်း
လေးကြည့်လိုက်သည်။ ကလေးလေးက သူ့ကို ပါးချိုင့်
ကလေးတွေနဲ့ ပြုံးပြလာတော့ ဒိုယောင်းလေးကလည်း
ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို ပြန်ရယ်ပြလိုက်
တော့သည်

"ဒေါ်ကြီးမှာ သားလေးရှိနေတာလား"

"ဟုတ်တယ်လေ ဒိုယောင်းလေးရဲ့"

ဒိုယောင်းလေးက လူကြီးလေးတော့မဟုတ်ပေမဲ့
သူ့ထက်ငယ်တဲ့ ကလေးကို ကြည့်ရင်း အသည်း
ယားနေသည်မှာ တော့လူကြီးလေးလိုပင်

ပြည့်ပြည့်ဖောင်းဖောင်း ဖြူဖြူဖွေးဖွေး ဒီကလေးလေး
က အရွယ်ရောက်လာရင် အတော်လေးပင်ချောမယ်
လို့ ထင်ရသည်။

"နာမည်က ဘာလဲ"

"သားသား ပြောလိုက်လေ"

ကလေးလေးက ရှက်သလိုနဲ့ လက်လေးကိုကိုက်နေ
ပြီးမှ မပီတပီလေးပြောလိုက်သည်က

"ဂျယ်ဟွန်း ဂျောင်ဂျယ်ဟွန်း"

တစ်ဖန် ပြန်ရယ်လိုက်ပြီး ကလေးလေးက ရှက်သွားဟန်
သူ့မေမေအနောက်မှာ ပုန်းနေလိုက်သည်

ဒိုယောင်းလေးကလည်း အသည်းယားနေသည်မို့

"မရှက်ပါနဲ့ ဒါမှမဟုတ် မကြောက်ပါနဲ့"

လူကြီးလေးလို လုပ်နေတဲ့ ဒိုယောင်းလေးကိုလည်း
အမေဖြစ်တဲ့သူနဲ့အသူ အိမ်တော်ထိန်းကြီးကပါ အသည်း
ယားနေပြီ ဖြစ်သည်။

Only OneWhere stories live. Discover now