တိုင်းပြည်တစ်ခုရဲ့ အိမ်ရှေ့စံဆိုသော ဂုဏ်ပုဒ်သည် လူတိုင်းလိုချင်တပ်မက်စရာ နေရာဖြစ်နေသော်ငြား ထိုနေရာကို လက်ဝယ်ရရှိထားတဲ့ Jongyeongအိမ်ရှေ့စံSeungminကတော့ ထိုနေရာနဲ့အဝေးဆုံးကို ထွက်ပြေးချင်နေမိသည်။
သို့သော်..တော်ဝင်မင်းသားတစ်ပါးအဖြစ် မွေးဖွားလာတဲ့Seungminဟာ တစ်ဖက်မှာလည်း တိုင်းပြည်နဲ့ပြည်သူတွေအပေါ် မပြတ်နိုင်တဲ့သံယောစဥ်တွေကြောင့် အိမ်ရှေ့စံဆိုတဲ့နေရာကို အစွမ်းကုန်ကာကွယ်ကာ ယိုင်နဲ့နေတဲ့Jongyeongရဲ့နန်းတွင်းကို မသမာသူတွေလက်ထဲက ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေရလေသည်။
ဥစ္စာစည်းစိမ်နဲ့ အာဏာကလွဲမသိတဲ့ ဖခမည်းတော်မင်းကြီးရယ် ရာထူးအာဏာကိုဆို အစာမြင်တဲ့သားရဲတွေလို ငမ်းငမ်းတပ်လိုချင်နေကြတဲ့ တော်ဝင်မိသားစုအချို့နဲ့ အမတ်တွေကြား Seungminပင်ပန်းလှသည်။
အားလုံးကို စွန့်ခွာကာ ထွက်သွားချင်ပါသော်လည်း ကုန်သည်လူချမ်းသာတွေဆီမှ ဖိနှိမ့်ခံနေရတဲ့ သူ့ရဲ့ပြည်သူတွေ နယ်စပ်တွေမှာ အစာရေစာပြတ်လပ်ပြီး ပြေးလွှားနေရတဲ့ သူ့ရဲ့ပြည်သူတွေကြောင့် သူမလုပ်နိုင်ပေ။
သူဟာ တာဝန်တွေနဲ့မွေးဖွားလာသူဖြစ်တာကြောင့် သူ့ပုခုံးပေါ်က တာဝန်တွေဟာ သူထမ်းဆောင်ရမည့်အရာတွေပင်။
သူကလွဲ ဘယ်သူမှမစားထိုးလုပ်ပေးလို့မရတဲ့ တာဝန်တွေဖြစ်သည်။ Jongyeongပြည်သူတွေရဲ့ အနာဂတ်က သူKim Seungminလက်ထဲမှာပင်...
မျက်လုံးနှစ်လုံးပွင့်သည်နှင့် အတွေးထဲဝင်လာသည်က လုပ်ဆောင်ရမည့် တာဝန်တွေနဲ့ ဖြေရှင်းရမည့် ပြဿနာတွေဖြစ်သည်။
ကိုယ်ပေါ်ကစောင်ထူထူကို ဘေးသို့ဖယ်ချကာ ခန္ဓာကိုယ်ရဲ့ဆန္ဒမပါဘဲ ထထိုင်ရန်ကြိုးစားလိုက်သည်။ သို့ပင်မဲ့ ပုံမှန်နေ့တွေထက် ခန္ဓာကိုယ်ဟာ ပို၍အားယုတ်နေသယောင်။
" အရှင့်သား ဘာလို့ထနေတာလဲ လှဲပြီးနားနေပါအုံး "
အနားသို့ချက်ချင်းအပြေးရောက်လာတဲ့ ကုန်းကုန်းကြောင့် Seungminမျက်နှာလေးထက် အပြုံးသေးလေးတစ်ခု ဖြစ်လာသည်။
YOU ARE READING
Under the White Snow
Fanfictionရှယ်ယာရှင်ဒါရိုက်တာကြီးBahng Christopher Chahnမှ Jongyeong စစ်သူကြီးBangchanအဖြစ် ဝိညာဥ်ကူးပြောင်းသွားပြီးနောက်... အေးစက်တဲ့နှင်းပွင့်တွေအောက်မှာ ထိုလူသားလေးနဲ့ စတွေ့ခဲ့တယ်... ကိုယ့်ရဲ့အဖြူရောင်နှင်းပွင့်လေး...