" တောက်! ငါအဲ့လူတွေကို သွားသတ်မယ်!!! "
Jisungမှာ မူဟွားမြို့ကြောင့် ဒေါတပုန်ထကာ တုတ်ဆွဲဓားဆွဲ လုပ်နေတော့သည်။
" Jisungထိုင်နေတော့ "
Seungminဟာ စားပွဲထိပ်တွင် ငြိမ်သက်စွာထိုင်နေရင်းနဲ့ ခပ်တိုးတိုးပြောလာမှ Jisungမှာ နေရာ၌ ဝင်ထိုင်တော့သည်။
" အခုဘယ်လိုလုပ်ကြမလဲ လူနာတွေက တိုးသထက်တိုးလာပြီး ဆေးဝါးကျတော့ ဘယ်ကမှမရဘူး ကျွန်တော်က သမားတော်ဆိုပင်မဲ့ ကုန်ကြမ်းဆေးဝါးရှိမှ ကုပေးနိုင်မှာလေ "
" ညဘက် အလစ်တိုက် ဝင်ယူကြမယ် ငရဲစစ်သည်တပ်ဖွဲ့က သူတို့လောက်တော့ တစ်မြို့လုံးကိုတောင် လက်စတုံးပေးနိုင်တယ် "
" အဲ့လိုလုပ်ရင် လက်တလောအဆင်ပြေနိုင်ပင်မဲ့ နောက်ပိုင်း အရှင့်သားအပေါ် သက်ရောက်မှု မကောင်းလောက်ဘူး "
" လောလောဆယ် တခြားနည်းလမ်းလည်း ရှိမနေဘူးလေ "
Jisungနဲ့Minhoဟာ သူတပြန် ကိုယ်တပြန် ငြင်းနေကြချိန် Chrisမှာ မျက်မှောင်ကြုတ်ကာ အတွေးများနေတဲ့ လူသားလေးကို ကြည့်ရင်း ခပ်တိုးတိုးဝင်ပြောလာသည်။
" နည်းလမ်းတော့ရှိတယ် ဒါမဲ့နည်းနည်းတော့စွန့်စားရပြီး အောင်မြင်ဖို့ မသေချာဘူး "
" ပြောစရာရှိတာ ပြောလိုက် အခုလည်း ရွေးစရာလမ်းရှိနေတာ မဟုတ်ဘူး "
" မူဟွားကလူတွေ တန်ဖိုးအထားဆုံးက ဘာလဲ "
" သူတို့ရဲ့အသက် "
Seungminဟာလည်း Chrisစကားကြောင့် ခေါင်းမတ်ကာ စိတ်ဝင်စားသည့် အငွေ့အသက်များဖြင့် ဖြေပေးလာသည်။
" သူတို့အသက်ကို ထောက်ပံ့ပေးမဲ့အရာနဲ့မျှားရင် ပါလာနိုင်လောက်တယ် "
" ဘာနဲ့လဲ "
" အခုအနေအထားကိုကြည့်ရင် သူတို့ကိုဆွဲဆောင်ဖို့အကောင်းဆုံးအရာက ဆေးပဲ...ကပ်ရောဂါကို ကုသနိုင်တဲ့ဆေး "
သူ့စကားကြောင့် Seungminဟာ ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် မေးခွန်းထပ်ထုတ်လာသည်။
" အဲ့ဆေးကိုကျတော့ ဘယ်ကရမှာလဲ "
Chrisဟာ ထိုမေးခွန်းကြောင့် ပါးချိုင့်ပေါ်သည်အထိ ခပ်ကြီးကြီးပြုံးလိုက်သည်။
YOU ARE READING
Under the White Snow
Fanfictionရှယ်ယာရှင်ဒါရိုက်တာကြီးBahng Christopher Chahnမှ Jongyeong စစ်သူကြီးBangchanအဖြစ် ဝိညာဥ်ကူးပြောင်းသွားပြီးနောက်... အေးစက်တဲ့နှင်းပွင့်တွေအောက်မှာ ထိုလူသားလေးနဲ့ စတွေ့ခဲ့တယ်... ကိုယ့်ရဲ့အဖြူရောင်နှင်းပွင့်လေး...