တပ်မှူးSeoရဲ့ လမ်းပြမှုနှင့်အတူ သူတို့လည်း မြို့၏နေရာအများစုကို ကြည့်ရှုစစ်ဆေးနိုင်ခဲ့သည်။ ထိုစစ်ဆေးမှု၌ Seungminနဲ့Jisungမှာ ပုံမှန်ထက် မျက်နှာတည်နေကြပြီး Minhoသည်တော့ ချက်ချင်းပင် ဟန်ယန်းကိုပြန်ကာ လူသတ်တော့မည်လုပ်နေလေသည်။ Chrisသည်လည်း ရင်ထဲအောင့်သက်သက်ပင်။ လူပေါင်းများစွာရဲ့အသက်ကို လျစ်လျူရှုကာ စည်းစိမ်အသပြာတွေကို ရသမျှသဲ့ယူနေတဲ့ ပြည်သူ့အမှုထမ်းအမည်ခံ အမတ်တွေထဲ ကိုယ့်ဖခင်ဟူသော လူသည်လည်း ပါဝင်နေလေသည်။
" တပ်မှူး မူဟွားမြို့နဲ့ ဒီနဲ့ဆို နီးနီးလေးလေ ဒီအခြေအနေထိ ဘာကြောင့်ဖြစ်သွားရတာလဲ "
Seungminရဲ့အမေးအဆုံး Changbinရဲ့မျက်နှာဟာပျက်သွားပြီး သူ့နောက်ကကောင်ငယ်လေးမှာတော့ ဒေါသတကြီး တုံ့ပြန်လာတော့သည်။
" အဲ့က လူယုတ်မာတွေက မြို့ထဲပေးမဝင်ဘူးလေ...ကုန်ပစ္စည်းတောင် လဲလှယ်မပေးချင်ကြဘူး ကျွန်တော်တို့ ပစ္စည်းတွေကနေ ရောဂါကူးမှာကြောက်လို့တဲ့ ကျွန်တော်တို့ကို သူတောင်းစားတွေလို နှင်ထုတ်လိုက်တယ် "
ဒီတခါတော့ Chrisပါ ဒေါသထွက်မိတော့သည်။ တူညီတဲ့ လောကကြီးထဲမှာ ရှင်သန်နေကြရင်း လူသားအချင်းချင်းမှ မရိုင်းပင်းရင် ဘယ်ဂြိုဟ်သားက လာကူညီမှာတဲ့လဲ
တကယ်တော့ အတိတ်ဖြစ်ဖြစ် အနာဂတ်ဖြစ်ဖြစ် လူ့စိတ်တွေကသာ ကြောက်စရာအကောင်းဆုံးဖြစ်သည်ပင်။
" လောလောဆယ် ဒီအခြေအနေအတိုင်းဆိုရင် ကိုယ်တော်တို့ပါတဲ့ ဆေးဝါးလောက်နဲ့သာဆို ရက်ပိုင်းပဲထိန်းထားနိုင်မှာ အဲ့တော့ အနီးဆုံးဖြစ်တဲ့ မူဟွားကနေပဲ လိုအပ်တဲ့ ဆေးဝါးနဲ့ ရိက္ခာရနိုင်မှာ "
" ဒါမဲ့ သူတို့က ကျွန်တော်တို့ကို လုံးဝပေးမဝင်ဘူးဗျ "
Seungminဟာ ဆူပုတ်ပုတ်ကောင်ငယ်လေးရဲ့ ပုခုံးကို ခပ်ဖွဖွလေးကိုင်ကာ
" မစိုးရိမ်ပါနဲ့...အိမ်ရှေ့စံကိုတော့ သူတို့နှင်ထုတ်ရဲမှာတဲ့လား "
ထိုစကားအဆုံး ကောင်ငယ်လေးအပါအဝင် ဘေးနားရှိလူတွေမှာ Seungminအား တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လာကြသည်။ မှောင်မိုက်ကာအဆုံးမဲ့နေသော သူတို့ရဲ့ဘဝကို နောက်ဆုံးတော့ မိုးနတ်မင်းက အလင်းရောင်လေးဆောင်ကြဉ်းပေးလာပြီဖြစ်သည်။
YOU ARE READING
Under the White Snow
Fanfictionရှယ်ယာရှင်ဒါရိုက်တာကြီးBahng Christopher Chahnမှ Jongyeong စစ်သူကြီးBangchanအဖြစ် ဝိညာဥ်ကူးပြောင်းသွားပြီးနောက်... အေးစက်တဲ့နှင်းပွင့်တွေအောက်မှာ ထိုလူသားလေးနဲ့ စတွေ့ခဲ့တယ်... ကိုယ့်ရဲ့အဖြူရောင်နှင်းပွင့်လေး...