Ep - 5

218 23 5
                                    

မြို့တော်ဟန်ယန်းရဲ့ ဆောင်းရာသီမနက်ဟာ ဆီးနှင်းပွင့်ဖြူတို့ဖြင့် ခြယ်သထားခံနေရသောကြောင့် နေရောင်ခြည်အနွေးဓာတ်ဟာ ပျောက်ချင်းမလှ ပျောက်နေလေသည်။

ခါတိုင်း လူသူအများပြည့်နေတတ်သော ပင်မလမ်းကြီးဟာလည်း ယခုတွင်တော့ လူနည်းစုဖြင့်သာ ခြောက်ကပ်နေလေသည်။ စစ်သူကြီးBangchanမှာ မြင်းဇာတ်ကြိုးကို တင်းတင်းဆွဲလို့ တည်းခိုဆောင်တံခါးဝမှအထွက် ရှေ့ခပ်လှမ်းလှမ်းရှိ အဖြူရောင်ကျောပြင်လေးကို ကြည့်ကာ ခံစားချက်များ ရှုတ်ထွေးလျက် သက်ပြင်းချမိပြန်သည်။

ဒီလိုသာဆက်သွားနေရင် သူတော့ မကြာခင်ဘဲ အသက်တိုကာ သေတော့မှာပဲဟု ရွှတ်နောက်နောက် တွေးလိုက်မိသော်လည်း မနက်နိုးနိုးချင်း ရင်ဆိုင်လိုက်ရသော အရှင့်သား၏ ဒေါသမျက်ဝန်းကြောင့် စိတ်အားငယ်သွားရပြန်သည်။

တကယ်တမ်း သူ့အမှားလည်း ပါပင်မယ်လို့ အားလုံးဟာ ထိုလူသားလေးကို ချစ်မြတ်နိုးမိ​ခြင်းကစသော အမှားဖြစ်တာကြောင့် သူဟာ အမှားဟု သတ်မှတ်မည်မဟုတ်ပေ။

အရာအားလုံးဟာ ထိုLee Minhoဆိုသော လူကြောင့်သာမဟုတ်ရင်...

အတွေးနဲ့အတူ အိမ်ရှေ့စံလေးဘေးက အလွန်နီးကပ်သော အနေအထားဖြင့် စကားပြောနေသော ထိုသူထံ မကျေမနပ်ကြည့်လိုက်မိသည်။

ညက ထိုသူ ရုတ်တရပ်အခန်းတွင်း ဝင်ရောက်လာပြီးနောက်
အိမ်ရှေ့စံလေးမှာ မိမိအားဒေါသတကြီး နှင်ထုတ်ပြီး ထိုသူနှင့် တစ်ညလုံးနီးပါး အတူတူရှိနေသည်ဟု ငယ်သားတစ်ယောက်ဆီမှ သိလိုက်ရသောအခါ Chrisတစ်ယောက် မနာလိုဝန်တိုစိတ်များ ပေါက်ဖွားလာတော့သည်။ သို့သော် သူ၏ လူလွှတ်စောင့်ကြည့်ခိုင်းသောအမှုကို အိမ်ရှေ့စံလေး သိသွားသည်ထင် မနက်ကတည်းက သူ့အားဒေါသထွက်နေတော့သည်။

ဒီလိုဖြင့် ခရီးဆက်လာရင်း နေခင်းလောက်တွင် သူတို့မှာ မြို့တော်နှင့် အတော်အလှမ်းဝေးလာတော့သည်။ ခရီးတစ်ထောက်နားရန် ပြင်နေသော အိမ်ရှေ့စံလေးကြောင့် Chrisမှာ မြင်းပေါ်က အမြန်ဆင်းကာ မြင်းပေါ်မှ ပေါ့ပါးစွာဆင်းလာတဲ့ အိမ်ရှေ့စံလေးအား ကူညီပေးရန် အနားသွားလိုက်သော်လည်း အကြည့်စူးစူးတစ်စုံကြောင့် တပ်ပြန်ဆုတ်ရလေသည်။ ဘေးက Lee Minhoရဲ့ လှောင်ပြုံးကိုလည်း မြင်ဖြစ်အောင် မြင်လိုက်ရပါသေးသည်။

Under the White SnowWhere stories live. Discover now