" တော်ပါတော့ ကိုယ်တော်မသေသေးပါဘူး "
သူ့ရဲ့ရေရွတ်သံအဆုံး ပို၍ပင် ငိုကြွေးလာတဲ့ ကုန်းကုန်းကြောင့် Seungminဘုရားသာတမိတော့သည်။
သူ့ဆိုရင် တအားသံယောဇဥ်တွယ်တဲ့ ကုန်းကုန်းဟာ အခုလည်း သူ့အားခရီးတွင် မခေါ်သဖြင့် ငိုကြီးချက်မဖြစ်နေလေသည်။ Seungminမှာလည်း အသက်အရွယ်ရလာပြီဖြစ်တဲ့ လူကြီးကို ကပ်ရောဂါတွေဖြစ်နေတဲ့ နေရာသို့ ဘယ်လိုစိတ်နဲ့ ခေါ်သွားနိုင်မှာတဲ့လဲ
" အရှင့်သားရယ်...နမိတ်မရှိတဲ့ စကားတွေမပြောပါနဲ့ "
" ဟုတ်ပါပြီ ကုန်းကုန်းလည်း ငိုမနေနဲ့တော့ ကိုယ်တော်ကတစ်ယောက်တည်း သွားတာလဲမဟုတ်ဘဲနဲ့ "
" အဲ့တာတော့ အဲ့တာပေါ့ "
အဝတ်ထုတ်ကို သေချာပြင်ပေးနေရင်း အလိုမကျသောအသံဖြင့် စိတ်လျော့နေရသော ကုန်းကုန်းကြောင့် Seungminမှာ ပြုံးမိပြန်သည်။
" မြင်းအဆင်သင့်ဖြစ်ပါပြီ အရှင့်သား "
ရဲမတ်တစ်ဦး၏ လျှောက်တင်သံကြောင့် Seungminနေရာမှထကာ အသင့်ပြင်လိုက်သည်။
" ဟင်..အရှင့်သား ခရီးတစ်လျှောက်လုံး မြင်းနဲ့ဘဲသွားမယ်လို့တော့ မပြောနဲ့နော် "
" ဖြေရမှာ စိတ်မကောင်းပင်မဲ့ အမှန်ဘဲကုန်းကုန်း ကိုယ်တော်မြင်းနဲ့ပဲ ခရီးနှင်မယ် "
" အရှင့်သားရယ် နေပြန်ကောင်းခါစကို ပင်ပန်းမှာပေါ့ "
" ကိုယ်တော် ကိုယ့်အတိုင်းအစကို သေချာသိပါတယ် စိတ်မပူပါနဲ့ "
ထိုသို့သာပြောပြီး ထွက်သွားသော အရှင့်သားကြောင့် သက်ပြင်းချမိသည်။
အရမ်းခေါင်းမာတာပဲ အရှင့်သားရယ်...
အပြင်ဘက်တွင် အရှင့်သားရဲ့ စီးတော်မြင်းအပြင် နောက်ထက် နက်ပြောင်နေသော မြင်းတစ်ကောင်လည်း ရှိနေလေသည်။
ခါတိုင်းဆိုလျှင် အရှင့်သားမှာ စီးတော်မြင်း Daemoကို တွေ့လျှင် ပြုံးရွှင်နေတတ်ပင်မဲ့ ယခုမှာတော့ အဖြူရောင်စာရွက်လေးတစ်ရွက်ကိုကိုင်ကာ အလိုမကျသည့်ပုံစံဖြင့် မျက်ခုံးများ တွန့်ချိုးနေလေသည်။
YOU ARE READING
Under the White Snow
Fanfictionရှယ်ယာရှင်ဒါရိုက်တာကြီးBahng Christopher Chahnမှ Jongyeong စစ်သူကြီးBangchanအဖြစ် ဝိညာဥ်ကူးပြောင်းသွားပြီးနောက်... အေးစက်တဲ့နှင်းပွင့်တွေအောက်မှာ ထိုလူသားလေးနဲ့ စတွေ့ခဲ့တယ်... ကိုယ့်ရဲ့အဖြူရောင်နှင်းပွင့်လေး...