အန်းနမ်ဟာ နယ်စပ်ဒေသ ဖြစ်သည့်အလျှောက် သူတို့ရဲ့ခရီးစဥ်ဟာလည်း တိုတောင်းမနေခဲ့။ မြို့တော်ဟန်ယန်းနဲ့ ဝေးကွာလေ ခရီးပတ်ဝန်းကျင်တွေဟာလည်း ပြောင်းလဲလာခဲ့သည်။ လူနေထူထပ်ကာ စည်ကားတိုးတက်နေတဲ့ နေချင်စဖွယ် မြို့ရွာတွေကနေ ချောက်ကပ်တိတ်ဆိတ်ကာ အလုပ်ဝန်ပိုတွေ ထမ်းထားတဲ့ ပုခုံးနှစ်ဖက်ရှေ့ကိုင်းကျနေရသော လူဆင်းရဲအလုပ်သမားတွေရဲ့ ရွာသေးလေးတွေအထိ တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့သည်။
Seungminတို့မှာလည်း မကြာခင် နေဝင်ကာ အမှောင်လွှမ်းတော့မဲ့ နေ့တာတစ်ရက်အတွက် တည်းခိုဆောင်အသေးလေးတစ်ခု၌ သာမန်ထက်ပိုပိုသာသာ အသပြာပေးချေ၍ ငှားရမ်းလိုက်လေသည်။ တည်းခိုဆောင်ဟု အမည်တပ်ထားသော်ငြား အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက်တောင် ကျဥ်းလွန်းလှသည့် အခန်းလေးများဖြင့် လူနေအိမ်လေးတစ်ခုဖြစ်သည်။
တိတ်ဆိတ်လှတဲ့ ညချမ်းအလယ် လှုပ်လီလှုပ်လဲ့ တောက်လောင်နေတဲ့ ဖယောင်းတိုင်မီးတစ်ခုနှင့်အတူ လူလေးယောက် ခေါင်းချင်းဆိုင်ကာ အခန်းကျဥ်းလေးထဲ အစည်းအဝေးပြုလုပ်နေကြသည်။
" ဆိုတော့ အန်းနမ်က အခုလက်ရှိ ဆက်သွယ်ရေး ပြတ်တောက်နေတာပေါ့ "
Seungminရဲ့စကားကို Minhoက ခေါင်းငြိမ့်ထောက်ခံလာပြီး ဖြည့်စွက်ပြောလာပြန်သည်။
" ကုန်အဝင်အထွက်ရော လူအဝင်အထွက်ရောမရှိဘူး အနီးပတ်ဝန်းကျင်က ရွာတွေမြို့တွေကလည်း အန်းနမ်နဲ့ပတ်သတ်ပြီး ဘာမှမသိကြဘူး "
" နားကိုမလည်နိုင်ဘူး ဘာလို့များ အန်းနမ်ရဲ့အခြေအနေက အဲ့လောက်ထိ ဖြစ်သွားရတာလဲ... နယ်စပ်ဆိုပင်မဲ့ သူနဲ့မူဟွားမြို့နဲ့ဆိုတာ နီးနီးလေးလေ...မူဟွားဆိုတာ Jongyeongရဲ့ မြို့ကြီးတွေထဲက တစ်ခုလေ ဆေးဝါးဖြစ်ဖြစ် ရိက္ခာဖြစ်ဖြစ် အဲ့လောက်ဆိုးဝါးသွားနိုင်စရာ မှမရှိတာ "
Jisungရဲ့စကားဟာ တစ်ကယ်ကို အတွေးများစေသည်။ တကယ်တမ်း ထိုအရာက Seungminရဲ့ မရှင်းလင်းတဲ့ သံသယတွေထဲ တစ်ခုအပါအဝင်ဖြစ်သည်။
" ပြီးတော့ နောက်ထပ်သိရတာက အန်းနမ်ထဲမှာ တပ်ဖွဲ့တစ်ဖွဲ့ ပိတ်မိနေသေးတယ် "
YOU ARE READING
Under the White Snow
Fanfictionရှယ်ယာရှင်ဒါရိုက်တာကြီးBahng Christopher Chahnမှ Jongyeong စစ်သူကြီးBangchanအဖြစ် ဝိညာဥ်ကူးပြောင်းသွားပြီးနောက်... အေးစက်တဲ့နှင်းပွင့်တွေအောက်မှာ ထိုလူသားလေးနဲ့ စတွေ့ခဲ့တယ်... ကိုယ့်ရဲ့အဖြူရောင်နှင်းပွင့်လေး...