" ဒါရိုက်တာကြီး!..သတိထားပါအုံး ဒါရိုက်တာကြီး!! "
နားထဲစူးဝင်လာတဲ့ အော်ဟစ်သံတွေနဲ့အတူ နာကျင်လှတဲ့ဦးခေါင်း...
အခွန်ငွေအလွဲသုံးစားလုပ်နေတဲ့ CEOကိုဖြုတ်ချဖို့ အရေးပါတဲ့ရှယ်ယာရှင်အဖြစ် Bahng Christopher Chahnတစ်ယောက် ရှယ်ယာရှင်အစည်းအဝေးကို သွားရာလမ်း၌ အက်ဆီးဒင့်နဲ့ကြုံရလေသည်။ ပြေးရှာစရာမလို ဒါဟာ ဟိုCEOငနဲလက်ချက်မှန်းသိသာလှသည်။ သူ့လိုရှယ်ယာပိုင်ဆိုင်မှုများတဲ့ ဒါရိုက်တာအဖွဲ့ဝင်ကို ရှင်းချင်တာ မဆန်းပါပေ။ သူဒီအမှိုက်ကို လျှော့တွက်လိုက်မိတာပဲ...
အက်ကွဲနေသော ကားမှန်များနဲ့ သွေးစွန်းနေသောလက်တို့ဟာ
အမြင်အာရုံထဲမှ တဖြည်းဖြည်းဝေဝါးလာသည်။" ဒါရိုက်တာကြီး! "
အော်ခေါ်သံတွေဟာလည်း ဝေးကွာလာသလို နာကျင်မှုတွေလည်း ထုံထိုင်းလာသယောင်...
" စစ်သူကြီး "
ဘယ်လို?
" စစ်သူကြီး ကျွန်တော်ပြောတာကြားရဲ့လားဗျ "
ဆက်ခနဲဖွင့်လိုက်မိတဲ့ မျက်စိတစ်စုံကို အဖြူရောင်ပတ်ဝန်းကျင်တစ်ခုက ဆီးကြိုနေလေသည်။
ရှုတ်ရှပ်ခတ်နေတဲ့ လူစုလူဝေးတွေမရှိသလို ဟွန်းသံများနဲ့ယောက်ယပ်ခတ်နေတဲ့ ကားများလည်းမရှိပါ။ တဝီဝီဆေးရုံကားသံများနဲ့ ကျွတ်စိကျွတ်စိပြောဆိုနေသံများလည်းမရှိ တိတ်ဆိတ်လှသည်။
" စစ်သူကြီး "
အသံလာရာ ဘေးဘက်ကို ကြည့်လိုက်တော့ ခပ်နွမ်းနွမ်းဝတ်စုံတစ်ခုနဲ့ ကောင်လေးတစ်ယောက်။ မတိုမရှည်ဆံပင်တွေကို ဖရိုဖရဲစုချည်ထားပြီး သူ့အားမဝံမရဲ ကြည့်နေလေသည်။
ထိုကောင်လေးကို မြင်တော့Chrisခေါင်းတွေ ချာချာလည်သွားသည်။ ထိုကောင်လေးသည် သူတွေ့ဖူးနေသည့် နန်းတွင်းကားတွေထဲက အစေခံတွေနဲ့ လွန်စွာတူလွန်းလှသည်။
ခုနကလည်း ထိုကောင်လေးက သူ့အားစစ်သူကြီးဟု ခေါ်လိုက်လေသည်လား?
အတွေးနဲ့အတူ သူ့ကိုယ်သူပြန်ငုံကြည့်မိတော့ ပြောင်လတ်နေသည့် ရွှေရောင်သံချပ်ကာက ခရီးဦးကြိုပြုလေသည်။
YOU ARE READING
Under the White Snow
Fanfictionရှယ်ယာရှင်ဒါရိုက်တာကြီးBahng Christopher Chahnမှ Jongyeong စစ်သူကြီးBangchanအဖြစ် ဝိညာဥ်ကူးပြောင်းသွားပြီးနောက်... အေးစက်တဲ့နှင်းပွင့်တွေအောက်မှာ ထိုလူသားလေးနဲ့ စတွေ့ခဲ့တယ်... ကိုယ့်ရဲ့အဖြူရောင်နှင်းပွင့်လေး...