ထန်အင်ပါယာဟာ ဧကရာဇ်အပြောင်းအလဲဖြစ်ပြီးနောက် မယုံနိုင်လောက်အောင်ပဲ အင်အားကြီးမားလာလေသည်။ ပညာရှင်တွေပေါများလာသလို စီးပွားရေး ကုန်သွယ်ရေးပိုမိုတွင်ကျယ်ကာ ဖွံဖြိုးတိုးတက်မှုက အံမခန်းပေ။ ထန်အင်ပါယာဟာ အင်အားကြီးမားလာသည်နှင့်အမျှ လက်အောက်ခံနိုင်ငံငယ်များလည်း ပေါများလာသည်။ စစ်မြေပြင်ခင်းကာ တိုက်ယူထားသည်များရှိသလို စီးပွားရေးဖြင့်ချယ်လှယ်ကာ စာချုပ်လေးတစ်ခုကဲ့သို့သောအရာဖြင့် သိမ်းယူထားသည်များလည်းရှိလေသည်။
Jongyeongဟာလည်း မထူးမခြားပင်။ မဟာမိတ်အိမ်နီးချင်းဆိုသော အမည်ခံကာ ထန်အင်ပါယာရဲ့ စောင့်ကြည့်ချယ်လှယ်မှုကို ခံနေရသော တိုင်းပြည်ငယ်သာသာလေးဖြစ်လေသည်။
ယခုChrisမှာ ထိုတိုင်းပြည်ငယ်လေးရဲ့ စစ်သူကြီးတစ်ယောက်ဖြစ်နေလေသည်။ နန်းတွင်းအမတ်ချုပ်ကြီးBangရဲ့ သားဖြစ်ပြီး ကျော်ကြားတဲ့စစ်သူကြီးတစ်ယောက်ဖြစ်သည်။
Jongyeongနန်းတွင်းရေးရာဟာ ဘယ်သို့ဘယ်ပုံရှိမှန်း မသိသော်လည်း မကြာသေးခင်က နှင်းတွေကြားထဲမှ အိမ်ရှေ့စံလေးနဲ့ အဖြစ်ကို ပြန်တွေးမိတော့ သက်ပြင်းချမိပြန်သည်။
တစ်ခဏလေးသာ အကြည့်ချင်းစုံပြီး မျက်လွှာပြန်ချသွားသူလေး
Chrisထပ်၍စကားပြောရန် ကြံရွယ်လိုက်ပင်မဲ့ အနောက်ဘက်မှ တံခါးဖွင့်သံနဲ့အတူ နောက်ထပ် အဘိုးကြီးတစ်ယောက်အသံကို ကြားလိုက်ရသည်။
" အရှင်မင်းကြီးက ပြန်စဉ်းစားပေးမှာမလို့ အရှင့်သားနန်းဆောင်ပြန်လိုက်ပါတော့လို့ အမှာတော်ပါးလိုက်ပါတယ် "
" ပြန်စဉ်းစားမယ်တဲ့လား "
ခနဲ့သလိုအသံလေးထွက်လာပြီး နေရာကမထသေးတဲ့ အဖြူရောင်လေးကြောင့် Chrisစိတ်မရှည်ချင်တော့။
ဒီလောက်အေးနေတာကိုကွာ!
" အရှင့်သား ခက်ခဲအောင်မလုပ်ပါနဲ့ အရှင်မင်းကြီးက အရှင့်သားအတွက်တွေးပေးတာပါ "
Chrisတံခါးဝက အဖိုးကြီးကိုလှည့်ကြည့်လိုက်တော့ ထိုလူကြီးကလည်း သူ့အားအပြုံးတစ်ခုနဲ့အတူ ကြည့်နေလေသည်။ ထိုအပြုံးကြောင့် Chrisမျက်ခုံးများတွန့်ချိုးသွားသည်။
YOU ARE READING
Under the White Snow
Fanfictionရှယ်ယာရှင်ဒါရိုက်တာကြီးBahng Christopher Chahnမှ Jongyeong စစ်သူကြီးBangchanအဖြစ် ဝိညာဥ်ကူးပြောင်းသွားပြီးနောက်... အေးစက်တဲ့နှင်းပွင့်တွေအောက်မှာ ထိုလူသားလေးနဲ့ စတွေ့ခဲ့တယ်... ကိုယ့်ရဲ့အဖြူရောင်နှင်းပွင့်လေး...