Chapter 1

8.3K 359 8
                                    

စုန့်ရှန်းယွီကသူအိပ်နေရာကနေ ပူလောင်မှုတွေကြောင့်နိူးလာခဲ့တယ်။
နှစ်နှစ်ခြိုက်ခြိုက်ကြီးကိုအိပ်ချင်နေပေမယ့် လေအေးပေးစက်ကပျက်နေတယ်ထင်တယ်။

ပူလောင်ပြီးခက်ထန်တဲ့အနံ့တွေက
အလုံးလိုက်အရင်းလိုက်နဲ့အကောင်အထည်ကိုမြင်ရတော့မတတ်ဘဲ။

"အာ... "
သူကအသံထွက်အောင်ကိုညည်းညူလိုက်ပြီးနောက်မျက်လုံးကိုမဖွင့်ဘဲနဲ့အဝတ်တွေကိုဘဲအိပ်ချင်မူးတူးနဲ့ဆွဲချွတ်လိုက်တယ်။

ပြီးတော့မျက်လုံးမှိတ်ရက်သားနဲ့ဘဲရေချိုးခန်းရှိရာဆီသွားလိုက်တယ်။

မျက်လုံးကိုမဖွင့်ထားတာမို့လို့ဘာတွေဖြစ်နေပြီးသူဘယ်နေရာမှာလဲဆိုတာ သူလုံးဝမသိဘူး။

သူ့တစ်ကိုယ်လုံးကပူလောင်မှုကြောင့်
ပျော့ခွေနေပြီးလဲကျတော့မလိုဘဲ။

အနံ့တစ်မျိုးကိုလည်းရနေတယ်။
အဲ့တာကချိုမြိန်ပြီးဖျော့တော့လွန်းလို့သူသိပ်သတိမထားမိဘူး။
လောလောဆယ်တော့သူကရေချိုးချင်တာကြောင့် ရေချိုးခန်းဆီကိုဘဲလျှောက်သွားလိုက်တယ်။ဒါပေမယ့်ရေချိုးခန်းတံခါးအစား နံရံပူကြီးတစ်ခုနဲ့ တိုးတော့တယ်။
သူငယ်ငယ်ကတည်းကအပြင်အဆင်သာနည်းနည်းလေးပြောင်းသွားတယ်၊အခန်း
မပြောင်းခဲ့တာမို့လို့သူမျက်စိမှိတ်ပြီးသွားရင်တောင်သူကဘယ်နေရာမှာဘာရှိတယ်ဆိုတာသူသိတယ်။ဇဝေဇဝါနဲ့သူလက်ဆန့်ထုတ်ပြီးကိုင်ကြည့်လိုက်တော့ အဲ့တာကအနည်းငယ်လှုပ်ရှားမှုရှိနေပြီ မာတောင့်နေတာဘဲ။
မကျေမနပ်နဲ့သူ့နူတ်ခမ်းလေးတွေကစူထွက်လာပြီး

"ဟမ့်....ငါရေချိုးချင်နေပါပြီဆို...ဝူး...ဝူးးး
ငါရေချိုးမှာလို့..ဝူးး"

တကယ်လို့သူ့တစ်ကိုယ်လုံးသာထူပူနေပြီးအသိစိတ်မရှိနေခဲ့တာသာမဟုတ်ဘူးဆိုရင်သူ့အသံနဲ့သူကြားပြီး သွေးအန်သေလောက်တယ်။ဒီလိုချစ်ဖို့ကောင်းချွဲသံပါတဲ့ အသည်းယားစရာအသံမျိုးကသူ့ပုံစံမဟုတ်ဘူး။ဒါပေမယ့်လည်း သဘာဝကျစွာနဲ့ပဲ သူသတိမထားမိဘူး။ရှေ့ဆက်မတိုးနိုင်တော့ဘဲထိုနံရံကြီးကိုဘဲ ပွတ်သပ်ထုရိုက်နေတာ
ကြောင့်ထိုနံရံကြီးကသည်းမခံနိုင်တော့ထဲပုံဘဲ။လှုပ်ရှားလာခဲ့ပြီးသူ့ရဲ့ကိုယ်လုံးလေးကိုဆွဲနှစ်ထားလိုက်တော့တယ်။ပြီးတော့ပူလောင်ခက်ထန်မှုကပိုဆိုးလာကာသူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်ပြိီးအဲ့တာတွေကသူ့အသွေးအသားထဲထိ နက်နက်ရှိုင်းရှိုင်း
ထိုးဖောက်လာသလိုမျိုးထိုထူထပ်လာတယ်။
"အမ့် အမ်း...မလုပ်နဲ့ အာ့ ...."

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now