Chapter 23

1.7K 197 20
                                    

ခန္ဒာကိုယ်နှင့် ယှဉ်လျှင်အလွန်ကြီးမားနေသော ရှပ်အကျီနှင့် ကုတ်အားဝတ်ဆင်ထားပြီး ပွယောင်းနေသော အနက်ရောင်ဘောင်းဘီတိုအားဝတ်ဆင်ထားသော်လည်း ဌင်းက စုန့်ရှန်းယွီ အား ရုပ်ဆိုးမနေစေခဲ့ဘဲ  အလွန့်ကို ချစ်စရာကောင်းစေပုံပေါက်နေပြီး သူ၏ မဖုံးဖိနိုင်လောက်အောင်ထွက်ပြူနေသောဗိုက်ကြီးနှင့်နံဘေးမှ ယခုပင်မြေပြိုတော့မတတ် စိုးရိမ်တကြီး အနားတွင် ကြက်အမေကြီးကဲ့သို့လိုက်ပါလာနေသော အယ်လ်ဖာ သာမရှိလျှင် သူသည်အလယ်တန်းပြီးခါစကျောင်းသားလေးဟုပင်ထင်ရနိုင်သည်။

ထို ဗိုက်ကြီးသည် အိုမီဂါလေးသည်နံဘေးမှပွေ့ချီမတတ်အယ်လ်ဖာအားစိတ်ရှုပ်နေပုံပေါ်သည်။သူ၏ဗိုက်ကြီးအား လက်တစ်ဖက်ဖြင့်သယ်ကာ ကျန်လက်တစ်ဖက်ဖြင့်ခါးအားထောက်ထားရင်း ချောမောခန့်ညားလှသောရုပ်ရည်ဖြင့်ပင်မလိုက်ဖက်လောက်အောင်ပြာယာခတ်နေသော လူကြီးအား တစ်ခါတရံ တိုးတိုး တိုးတိုးနှင့်ရန်တွေ့နေသေးသည်။

"ခင်ဗျား ဒီလိုလုပ်နေမယ်ဆိုရင် ကျွန်တော်ခင်ဗျားမပါဘဲသွားလိုက်တော့မှာဘဲ အကုန်ဝိုင်းကြည့်နေကုန်ပြီဗျ ဟွန့်"

စုန့်ရှန်းယွီ က သူတို့နှစ်ယောက်  အဲလေ အနောက်မှ ကိုယ်ရံတော်အုပ်စုပါအပါ လူအုပ်ကြီးအား ၏ စျေးဝယ် စင်တာမှလူများက အာရုံစိုက်နေကြပြီး တစ်ခုခုအားပြောဆိုနေကြကြောင်း ခံစားမိပြီးယနေ့၏ ခြောက်ဆယ့် တစ်ကြိမ်မြောက်အဖြစ် ကုထျန်းယန် အား နူတ်ခမ်းတထော်ထော်ဖြင့် ဆူပူပြန်သည်။

"ကိုယ်ကစိုးရိမ်လို့ပါကွာ အဲ့လူတွေကိုဂရုမစိုက်မနေပါနဲ့အဓိက ကမင်းလေးဘေးကင်းဖို့ဘဲ"

ကုထျန်းယန် က စိတ်အပြောင်းအလဲ အတက်အကျမြန်လွန်း နေသောကာလရောက်ရှိနေဆဲ ကောင်ငယ်လေးအားချော့မော့ပြောဆိုနေရင်း အနောက်မှတသီတစ်တန်းကြီးလိုက်ပါလာကြသည့်ကိုယ်ရံတော်များအား လူစုခွဲစောင့်ကြည့်ရင် လက်ဖြင့်အချက်ပြလိုက်ရာ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားကြတော့သည်။

စုန့်ရှန်းယွီ က မနက်မိုးမလင်းခင်ကတည်းက စျေးဝယ်စင်တာသွားဖို့ ပူဆာနေခဲ့တာကြောင့် ဤစျေးဝယ်စင်တာအား ငါးနာရီကြာကြိုတင်ရှင်းလင်းထားပြီးနေရာတိုင်းမှာ အသွင်ယူထားသော ကိုယ်ရံတော်များက ရောနှောနေကြပြီး သူတို့အနောက်လိုက်လာသောကိုယ်ရံတော်များမှာလည်း အနက်ရောင်ဝတ်စုံများမှ ပုံမှန်ထသွားထလာ ဝတ်စုံများအားဝတိဆင်ကာ လိုက်ပါလာကြခြင်းဖြစ်သည်။

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now