Chapter 17

3.1K 336 12
                                    

"ဟင်းးးးအရမ်းကောင်းတာဘဲ"

ဆန်ပြုတ်အိုးလေးအား အဝတ်ထူထူဖြင့်
ပတ်ကာပိုက်ထားရင်း ပွေ့ဖက်ထားပြီးတဟူးဟူး လေမှုတ်ကာ အအေးခံရင်း
တစ်ဇွန်းပြီးတစ်ဇွန်း ပါးစပ်ထဲထည့်ကာ
စားနေသော လူငယ်လေးသည်
ခေါင်းအား ကျေနပ်နှစ်သိမ့်မှုကြောင့်
တစ်ညိမ့်ညိမ့်လှုပ်ခါနေသည်။

မှိန်ရေယှက်ရေစားသောက်နေသော
ကောင်ငယ်လေးကြောင့်
ကုထျန်းရန်သည် မိမိလက်ရာအား အလွန်ယုံကြည်မှုရှိသွားသလိုခံစားလိုက်ရသည်။

ဤဆန်ပြုတ်အားချက်ရန်
သူ့အတွက်မလွယ်ကူခဲ့ချေ။
အစကနေအဆုံး မိမိကိုယ်တိုင်သာလုပ်ရပြီး တံခါးဝတွင်ရှောင်တခင်စစ်ဆေးတတ်သောခေါင်းလေးကြောင့် စားဖိုမှူးသည်လည်း
ညွှန်ကြားပေးသည်မှလွဲ၍မကူညီပေးရဲချေ။
မနေ့ညက သူချက်တာမှစားချင်သည်ဆို၍မီးဖိုခန်းထဲ၌ဆရာတပည့်နှစ်ယောက် ညဏ်များခဲ့သည်။

သို့သော် စစ်ဆေးရေးလာဝင်သော
ကောင်ငယ်လေးသည်
ငိုယိုခဲ့ပြီးတစ်ညလုံးစိတ်ကောက်ခဲ့သည်။

နူတ်ခမ်းသေးသေးများကနီရဲစူထွက်နေပြီး မျက်ရည်ပေါက်ကြီးများကတစ်လိမ့်လိမ့်ကျဆင်းနေပါသော်လည်းစကားတစ်ခွန်းမှ
မပြောပါဘဲ စောင်ခြုံထဲသို့ဝင်သွားကာ
ထွက်မလာတော့ပေ။

ထို့ကြောင့်မနက်အစောကြီးကတည်း
ဒီဆန်ပြုတ်အားဆယ်ကြိမ်ကျရှုံးခဲ့ပြီး
စုန့်ရှန်းယွီနိုးလာချိန်မှသာ
အောင်မြင်ခဲ့တာဖြစ်သည်။

ယခုမူကား အမောင်လူကြီးလူကောင်းသည်ပန်းကန်လုံးနှင့်မစားလိုပါ ဟူ၍
ပြောဆိုခဲ့ပြီး ပူနေသောအိုးကို
အဝတ်နှင့်ပတ်ကာ
ထိုင်စားတော့သည်။
လူနှစ်ယောက်စားရန်လုံလောက်သော ဆန်ပြုတ်အိုးအား မျှဝေရမည်စိုး၍
ရင်ခွင်ထဲတွင်ပိုက်ထားတော့သည့်အဖြစ်။

"ကိုယ်လည်းမြည်းကြည့်........."

စကားပင်မဆုံးလိုက်သေးခင်မှာပင်
ပါးလုတ် ပါးလောင်းစားသောက်နေသံဖြင့် ငြင်းပယ်သံကို ကြားလိုက်ရသည်။

"ဟင့်အင်းးးးးးး"

"ဘာလို့လဲ ကိုယ်ကအဲ့တာကိုချက်ထားတာလေ ဘယ်လိုအရသာရှိလဲဆိုတာကိုမမြည်းရတော့ဘူးလား"

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now