Chapter 10

3.3K 315 1
                                    

-------------------------------------
နွေးထွေးတဲ့ဆည်းဆာနေရောင်ကအခန်းထဲကိုဖြာကျနေတယ်။
အခ်နးထဲကမွေ့ယာပေါ်မှုအိပ်ချင်မူးတူးနဲ့ဆံပင်တွေရှုပ်ပွနေတဲ့ လူသေးသေးလေးနဲ့ ရှပ်အကျီဝတ်ဆင်ထားပြီးလက်ခေါက်တင်ထားတဲ့လူအကြီးကြီးတို့ကတစ်ယောက်ကိုတစ်ယောက်ကြည့်နေကြတယ်။
ပိုပြီးသေးတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက နက်မှောင်တောက်ပနေပြီး အနက်ရောင်ကျောက်မျက်ခရစ်စတယ်လေးလိုဘဲ။
ကုထျန်းလျန့်က အဲ့ဒီမျက်လုံးလေးတွေကြောင့် သူ့နှလုံးကိုလာပြီးကုတ်ခြစ်စနောက်နေတဲ့ ကြောင်ပေါက်စလေးကျနေတာဘဲလို့တောင်တွေးမိတယ်။

ခဏအကြာကြောင်အစိုက်ကြည့်နေအပြီးမှာတော့ကြောင်ပေါက်စလေးကစကားစပြောလာတယ်။

"အဲ့တော့ ခင်ဗျားက ကျွန်တော့်မိတ်ဖက်ပေါ့လေ"

"ကိုယ်ကမင်းအမေရဲ့မောင်ဘဲကိုယ့်ကိုကုရှူရှူလို့ခေါ်သင့်တယ်နောက်ပြီးမင်းမေးတာကိုဖြေရရင်တော့ဟုတ်တယ်ကိုယ်တို့ရဲ့ ဖယ်ရိုမုန်းလိုက်ဖက်ညီမှုက 100%ဘဲ"

စုန့်ရှန်းယ်ီကဘာဆက်ပြောရမလဲမသိဖြစ်နေမိတယ်။
သူမအိပ်ခင်ကမေ့နေတဲ့အရာကိုသူပြန်သတိရလိုက်ရပြီး အဲ့ဒီဟာကသူနိုးလာတဲ့အချိန်မှာ သူ့ကိုတင်းတင်းကြပ်ကြပ်ကြီးဖက်ထားပြီး သူ့ရဲ့အခန်းထဲမှာရောက်နေတယ်လေ။
ပြီးတော့သူ့ရဲ့ 18နှစ်သက်တမ်းတစ်လျှောက်လုံး မဟုတ်ဘူး နှစ်ဘဝစာလုံးတစ်ခါမှမတွေ့ခဲ့ဖူးတဲ့သူ့ရဲ့ဉီးလေးတဲ့လား။

[မိတ်ဖက်က မျိုးဆက်တစ်ဆက်ကွာခြားတဲ့လူဖြစ်ပြီးကိုက်ညီမှုက 100%ရှိနေတယ် ပြီးတော့အဲ့ဒီလူကငါ့အခန်းထဲမှာဘယ်လိုလုပ်ရမလဲ
အရေးပေါ်!အရေးပေါ်!
လိုင်းပေါ်ကစောင့်နေပါတယ်မြန်မြန်ပြန်ဖြေကြပါ]

ကုထျန်းလျန့်က သူ့ရှေ့ကအတွေးတွေထဲမှာနစ်မျောနေပုံရတဲ့ခေါင်းသေးသေးလေးကိုကြည့်ပြီး ရင်ဘတ်ထဲမှာယားယံသလိုခံစားရလို့ အဲ့ဒီအိပ်ရာထဆံပင်ရှုပ်ပွပွလေးတွေကိုဆွဲဖွပစ်ချင်နေတယ်။ဒါပေမယ့် အဲ့ဒီစုတ်ဖွားလေးကအထိမခံဖြစ်နေပြီးအချိန်မရွေးထကိုက်နိုင်မယ့် ပုံစံလေးဖြစ်နေတယ်လေ။အဲ့တော့သူ့မှာချုပ်တည်းသည်းခံထားလိုက်ဖို့ကလွဲ ပြီးနည်းလမ်းရှိမနေဘူး။
အဲ့ဒီလိုကို့ယို့ကားယား အချင်းချင်း အခြေအနေဖြစ်နေကြရင်း အခန်းတံခါးခေါက်သံဖွဖွလေးကိုကြားလိုက်ရပြီးစုန့်မာမားရဲ့အသံ ထွက်လာတယ်။

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now