"ကျွန်တော်က အရမ်းကိုနေလို့ကောင်းနေပါပြီ ဒီလိုကြီးလုပ်စရာမလိုပါဘူး"
အဆုံးစွန်ထိပတ်သက်နှီးနွယ်ခဲ့ဖူးပေမယ့် နှစ်သက်တမ်းရှည်ကြာနေတဲ့ ဇနီးမောင်နှံ တွေလိုတော့မနေနိုင်သေးဘူးလေ မဟုတ်ဘူးလား။
ဘာဘဲ ဖြစ်ဖြစ် ကုထျန်းလျန့်နဲ့ သူနဲ့က အသက်အရွယ်တွေအရမ်းကွာပြီး မထင်မှတ်ထားဘဲနဲ့ အိမ်ထောင်ဖက်တွေဖြစ်လာကြတာလေ။ပြီးတော့ဘာတဲ့
ပြောင်လက်တောက်ပနေတဲ့ ဖန်စားပွဲပေါ်က သူ့ရဲ့ ဖတ်ရှုပြီးဒီတိုင်းတင်ထားတဲ့ဆေးစစ်ချက်တွေကိုကြည့်လိုက်တယ်။
ဖယ်ရိုမုန်းလိုက်ဖက်မှု 100%တဲ့လား။
အို့......
ပြန်လည်မွေးဖွားလာပြီးနောက်မှာ သူက အညတရ betaလေးကနေ အဆင့်မြင့်သွေးသန့် Alphaတစ်ယောက်နဲ့တောင်မှ လိုက်ဖက်ညီမှု 100%ရှိတဲ့ Omegaလေးဖြစ်လာလိမ့်မယ်လို့အတွေးတောင်မတွေးဖူးဘူး။
"ကိုယ်ကတော့ မင်းရဲ့ကျန်းမာရေးနဲ့လုံခြုံမှုအတွက်အဓိကပါဘဲ။အရင်အိမ်ဟောင်းမှာက မြို့တော်နဲ့ဝေးတဲ့အပြင်ကို ကိုယ်စိတ်မချနိုင်ဘူး။
ဒီကလူတွေအကုန်လုံးက ကိုယ့် တပ်စုက အငြိမ်းစားတွေကိုယ့်တပည့်တွေချည်းဘဲ "စုန့်ရှန်းယွီ ကသက်ပြင်းချလိုက်မိတယ်။သူ့ရဲ့ အရင်ကဂျယ်နဲ့ဖိနှိပ်ခဲ့ပေမယ့် အခုတော့သူ့ရဲ့အိပ်ရာဝင်ပုံစံကြောင့် ပြန်လည်ထွက်ပြူလာတဲ့ခေါင်းပေါ်က အင်တာနာလေးကလှုပ်ရှားသွားခဲ့ပြီး သူ့ရဲ့နူတ်ခမ်းလေးက စူထွက်လာတယ်။
သူက ဒီလိုအိမ်ကြီးထဲမှာ လက်ဖဝါးပေါ်တင်ပြီး တဖူးဖူးမှုတ်နေရတဲ့ မင်းသားလေးဘဝမှာ နေခဲ့ရဖူးပေမယ့် ဒီလိုကြီးကတော့မလိုအပ်လောက်ဘူးလေ။
မင်း မီးဖိုခန်းထဲမှာ သူစားချင်သမျှကိုတာဝန်ယူချက်ပြုတ်ပေးမယ့်သူကအချက်အပြုတ်ဝါသနာပါတဲ့ စစ်တပ်အငြိမ်းစားအရာရှိဆရာဝန်ဖြစ်ပြီး ကြယ်ငါးပွင့်စားဖိုမှူးတွေရဲ့ ထောက်ခံမှုကိုရရှိထားတဲ့ လူ၊
မင်းဟိုဟိုဒီဒီသွားဖို့ကားမောင်းလိုက်ပို့ပေးမယ့်သူက အရင်က စစ်လေယာဉ်မှုူးအကျော်အမော်ဖြစ်ပြီး အနောက်ကနေလိုက်ပါစောင့်ရှောက်ပေးမယ့်လူက စစ်သင်တန်းကျောင်းက ကြယ်လေးပွင့်အဆင့် စစ်ရေးနည်းပြတွေ
YOU ARE READING
ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်း
Romanceဖယ်ရိုမုန်းတွေ 100%ကိုက်ညီမှုကြောင့်အင်ပါယာရဲ့ချက်ချင်းထိမ်းမြှားဖို့အမိန့်ချခံခဲ့ရတဲ့ စုန့်စုန့်လေးက သူ့ရဲ့အိမ်ထောင်ဖက်ဆီကနေ သူ့ရဲ့ဉီးလေးငယ်ဆီကိုထွက်ပြေးသွားခဲ့တယ်။ သူရောက်ရောက်ချင်းသူ့ဉီးလေးငယ်ရဲ့ မဂ်လာပွဲအတွက်စီစဉ်နေခဲ့လို့သူကိုယ်တိုင်တောင်ဝတ်စုံ...