Chapter 26

1.7K 224 23
                                    

ကုကော်ပိုရေးရှင်း၏ အဓိကရုံးချုပ်ဝင်ပေါက်ရှေ့တွင် ဝန်ထမ်းများစွာ က ယောင်လည်လည်နှင့် လတ်လျားလတ်လျားလုပ်နေကြသည်။

လုံခြုံရေးများသည် ယခင်ကတည်းက စမတ်ကျသောဝတ်စုံအားပိုစမတ်ကျအောင်ပြင်ဆင်လျက် အလွန်အာရုံစူးစိုက်သလိုဟန်ဆောင်နေကြကာ
reaction ကလူများမှာလည်း ယနေ့မှပင် ပို၍ လှပစမတ်ကျကာ အပြုံးချိုချိုလေးများက ပို၍ဖော်ရွေနေကြပုံပေါ်သည်။

အဆောက်အဉီ တစ်ခုလုံး ပို၍လှုပ်ရှားတက်ကြွနေရခြင်းမှာ ပိတ်ရက်နေ့မနက်အစောပိုင်းကပင်
ဉက္ကဌ ကုမှလွဲ၍ ကျန်ဝန်ထမ်းများအားလုံးပါဝင်သော ဝန်ထမ်းများ groupchatအတွင်းသို့ဝင်လာသော စာတစ်စောင်ကြောင့်ပင်။

ကုရဲ့ကိုယ်ရေး စက်ရုပ်:
...................................အထူးသတင်း
ဉက္ကဌကတော်က ဒီအပတ်လာမယ်( မှ အဲလက်စ်)

group ကြီးတစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားပြီးမှ အလွန်ဆူညံကြကာ တစ်ယောက်တစ်ခွန်းမေးမြန်းကြတော့သည်။

မုံမုံက ကြိုဆိုရေးအလှလေး:ဘာ... ဘာ ဉက္ကဌကတော် ကဒီကိုလာမယ် ကျေးဇူးပြုပြီး တစ်ယောက်ယောက်ငါ့ရင်ဘတ်ကိုဖိပေးကြပါ

ငါက Utraman :မဖြစ်နိုင်ဘူးးးးမဖြစ်နိုင်ဘူးယ ဉက္ကဌကတော် က ကိုယ်ဝန်ဆောင်နေတာလို့ငါကြားခဲ့တာ

.......

........

..........

အဲလက်စ်: အမှန်ဘဲ

ခိုင်လုံသော ရင်းမြစ်ကြီးကအတည်ပြုစာတိုကြောင့်
groupကြီးတစ်ခုလုံး ဝုန်းခနဲပေါက်ကွဲသွားပြီး အလွန်ဆူညံနေကြသော်လည်း ဉက္ကဠ၏ အရေးကိစ္စများအား စီမံပေးနေရသော အတွင်းရေးမှူးများမှ ယခုလိုပြောလာသဖြင့် ဒီအကြောင်းကသေချာနေချေပြီ။ပိတ်ရက်အတွင်း၌အမြဲလိုလို ခြောက်ကပ်တိတ်ဆိတ်နေတတ်သော gp chat ကြီးမှာ အလွန်စိုပြေပြီး ဆူညံနေပြီး ယနေ့မနက်အထိ သူတို့မှအလုပ်အစောကြီးလာပြီး
လူတိုင်းက အလွန်အမင်း ပြင်ဆင်လာကြကာစမတ်ကျနေကြသည်။သူတို့က သူတို့၏အကောင်းဆုံး ယူနီဖောင်းများအား ဝတ်ဆင်ထားကြသည်။

သူတို့ရဲ့ ဉက္ကဠကတော်ရှေ့မှာ သူတို့က အလုပ်ဖိပြီး မဲညိုနေတဲ့မျက်ကွင်းတွေနဲ့ ကုတ်ရလွန်းလို့ ရှုပ်နေတဲ့ခေါင်းတွေကို ဘယ်သူကပြချင်မှာလဲ။ လုံးဝသူတို့ကို အမြင်ကောင်းမကျန်ခဲ့လိုမဖြစ်ဘူး။
သူတို့ ရဲ့များပြားလှအလုပ်တွေကြောင့် မြင့်မားလှသောလစာမှလည်းပြောစရာမလိုအပ်ချေ။
ဒါပေမယ့်လည်း သူတို့နေ့တိုင်းဒီလိုပြင်ပြင်ဆင်ဆင်နေဖို့ဆိုတာ အလွန်ရှားပါးပါတယ်။
တစ်ခြားကုမ္ပဏီတွေလို အလုပ်တက်ရက်မှန်ပြီး ရက်ပျက်မရှိတာကိုနှစ်ကုန်ဘောနပ်စ်ပေးတာမဟုတ်ဘဲ ဒီမှာကတော့ သင်သာနေ့တိုင်း သပ်သပ်ရပ်ရပ်ဝတ်ဆင်လာနိုင်ရင်တော့ နှစ်ကုန်မှာ ကြီးမားတဲ့ ဘောနပ်စ်ရမှာပါ။
ဒါပေမယ့် သူတို့မှာ ဒီဟာကို ဂရုမစိုက်ကြလို့ အဲ့ဒီဘောနပ်စ်က ဘယ်သူမှမရတာကြာခဲ့ပါပြီ
သင်သာအလုပ်စာချုပ်ဆွေးနွေးတာ ၊ဧည့်သည် တွေ့ဖို့မရှိတာသာမဟုတ်ရင် ဘယ်သူကမှ ပြင်ပြင်ဆင်ဆင်နေကြမှာမဟုတ်ချေ။
ရုံးချုပ်ကမို့လို့ အနောက်တိုင်း ယူနီဖောင်းနဲ့ စမတ်ကျနေရမယ်ပေါ့ သွားနားလိုက်တော့ ငါတို့မှာ ဌာနအလိုက်တီရှပ်တွေရှိတယ်ကွ။
ရာထူးကြီး ဝန်ထမ်းမှရိုးရိုးဝန်ထမ်းအထိ သူ့ဌာနနှင့်သူ တူညီသောတီရှပ်၊ခြေညှပ်ဖိနပ်နှင့် နေရာအနှံ့ပြေးလွှားနေကြတာကကုကော်ပိုရေးရှင်းရုံးချုပ်ကြီး၏စတိုင်လိုပင်ဖြစ်နေချေပြီ။
အရေးကြီး ကိစ္စရှိတာလား သင့်ရဲ့ကိုယ်ပိုင် lockerထဲမှာ ထည့်ထားတဲ့ ယူနီဖောင်းကို ထုတ်ဝတ်သွားလိုက်ပါ။
ရေချိုးခန်းနဲ့ အလှပြင်ဆင်ဖို့ပါ သီးသန့်ရှိတာပါနော်။

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now