Chapter 16

3.1K 316 4
                                    

"အယ်ဖာတစ်ယောက်အတွက် ဒီလိုဒဏ်ရာမျိုးကအချိန်အများကြီးပေးစရာမလိုပါဘူး ငါအကုန်လုံးကောင်းနေတာဘဲလေ "

ဆရာဝန်များမှာ ဖိအားပေးနေရပြီး အိမ်ထိန်းကြီးမှာလည်းချွေးပျံနေတော့သည်။
အယ်ဖာတွေက ခံနိုင်ရည်အရမ်းကောင်းပြိီးနာကျင်မှုကိုမကြောက်ကြဘူးဆိုတာဟုတ်ပါတယ်။
ဒါပေမယ့်အခုသူကနံရိုးတွေရောလက်ပါကျိုးထားတာလေ။
သေချာပေါက်ဆေးရုံမှာအနားယူရမှာကို။

"သခင်လေး သခင်လေးအဘိုးက..."

"အဘိုးကဘာတဲ့လဲ ဖုန်းဆက်လိုက်အဘိုးကိုကျွန်တော်ကိုယ်တိုင်ပြောလိုက်မယ်"

သခင်အိုကြိီးနှင့်ကိုင်ပေါက်ခြင်းမှာမအောင်မြင်သည့်အတွက် အိမ်ထိန်းချွီသည် ဖုန်းအားထုတ်လျက်
လေးကြိမ်မြောက်အဖြစ် သခင်အိုကြိီးအားဖုန်းဆက်လိုက်ပြန်သည်။

အထဲမှထွက်လာသောစိတ်မရှည်မှုတို့အား ဒီတစ်ကြိမ်တွင် သခင်ငယ်လေးချီပေါ်သို့ ပုံချပေးလိုက်တော့သည်။

"မင်းဘာတွေလုပ်နေတာလဲ
အဲ့ဒီခုတင်ပေါ်ကနေတစ်လှမ်းခွာတာနဲ့မင်း
ငါ့နဲ့တွေ့မယ်ကားမတော်တဆအကြောင်းတောင်
မဖြေရှင်းရသေးတာကို အခုက ဘာလုပ်တာလဲ "

အလွန်မာထန်နေပြီး ဒေါသကြီးနေသောအသံသည် ဖုန်းစပီကာမှပင်သူအားထွက်ရိုက်တော့မလိုပင်။
ဤအဘိုးကြီးသည် အလွန်ဒေါသကြိီးကာ စိတ်တိုင်မကျတိုင်းဆူငေါက်နေလေ့ရှိသည်။
သို့သော် သူသည် သူ၏မြေးငယ်လေးအား
အလွန်ချစ်မြတ်နိုးသည်မှာ ပြောနေစရာမလိုအောင်ထင်ရှားသည်။
အချိန်တိုင်းရိုက်နှက်မည်ဟုခြိမ်းခြောက်နေပါသော်လည်း လက်ဖျားနှင့်မတို့ဖူးချေ။

ချီစစ်ချင်သည် ပြုံးလိုက်ပြီး သူ့စကားအားနားထောင်ပါမည်ဟုဆိုကာဖုန်းချသွားသည်အားစောင့်နေလိုက်သည်။
အဘိုးသည် အရင်ဘဝက ချီမိသားစုအတွင်း၌ သူ့ဘက်မှာရှိနေပေးခဲ့သောတစ်ဉီးတည်းသောလူပင်။လူအိုကြီးသည် သူ၏မြေးအတွက် ကုမ္ပဏီ ရှယ်ယာများအားဆုပ်ကိုင်ထားခဲ့ပြီး သူ၏သမက်ဖြစ်သူ ချီယွမ်အားလွဲပြောင်းမပေးခဲ့ချေ။

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now