Chapter 19

2.8K 256 7
                                    

"ကိုယ်ဝန်ဆောင်အချိန် စိတ်ထိခိုက်လွယ်နေတဲ့အချိန်မှာ တစ်ခုခုကလှုံဆော်မှုဖြစ်သွားပြီး သူ့ရဲ့ခန္ဒာကိုယ်က မခုခံနိုင်ဘဲ လဲကျသွားတာပါ သန္ဓေသားက အခုတော့ထိခိုက်မှုမရှိပေမယ့် နောက်ထပ်ဖြစ်လာင်ကတော့သတိထားရပါမယ် အခုလက်ရှိသူနိုးလာရင် သူ့စိတ်ကိုလှုံ့ဆော်ပေးတဲ့အပြုအမူ စကားလုံးတွေရှောင်ပေးပါ လက်ရှိသောက်နေတဲ့ဆေးတွေကလည်းဆက်တိုက်လို့ရပါတယ်။အဲ့တာက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုမထိခိုက်စေပါဘူး"

ဆရာဝန်က တရစပ်ပြောပြီးနောက် သူ့ရဲ့ငွေကိုင်းမျက်မှန်အားပင့်တင်လိုက်ရင်း အင်တင်တင်နဲ့ပြောလာသည်။

"အဟမ်းးးးရှင်းရှင်းလင်းလင်းပြောရရင် လူနာကစိတ်လုံခြုံမှုကိုလုံလောက်အောင်မခံစားရဘူးဆိုတာ မင်းပြောပြတဲ့ပုံစံအရသိနိုင်တာမို့လို့ ငါမပြောရင်တောင်နားလည်မယ်လို့ထင်ပါတယ်"

အိပ်ခန်းအပြင်ဘက် ဆိုဖာတွင် ငူငူကြီးထိုင်နေသော ကုထျန်းရန် သည် သူနားလည်ပြီဖြစ်ကြောင်း ပြောဆိုပြီး အနားယူလို့ရပြီဖြစ်ကြောင်းပြောလိုက်ရာ အခွင့်အရေးအားချောင်းနေသောဆရာဝန်ဖြစ်သူသည် သတိအနေအထားဖြင့်

"လောင်ကု...မရီးရဲ့အခြေအနေက ဆရာဝန်တစ်ယောက်အနားမှာရှိနေရင်အကောင်းဆုံးဘဲလေ ဟုတ်တယ်မလား ငါက အခု ပါရဂူ အတွက်စာတမ်း ပြင်ဆင်ပြီးသွားပြီမို့လို့အားလပ်နေတာကွ ဘာလို့မရီးကို ငါတာဝန်မယူပေးရမှာလဲမဟုတ်ဘူးလား"

ကုရှောင်းသည် သူ၏ပါးစပ်မှ အလွန်စေတနာရှိဟန်ဖြင့် အတည်ပေါက်ကြီးပြောဆိုနေခဲ့​သော်လည်း မျက်လုံးများကမူ အခုချိန်ထိ ဧပရွန်အားမချွတ်သေးဘဲ သူ၏ဘေးနားတွင်ထိုင်နေသော အိမ်တော်စားဖိုမှူးရှီချီ ဆီသို့ ဝဲပျံနေသည်။

သို့သော်ဇနီးသည်အတွက်ပူပင်နေသော ကုထျန်းရန် မှာမူ ဤသည်အားသတိမထားမိဘဲ သူညီဝမ်းကွဲ ၏စကားအား သဘောတူလိုက်ကာ စုန့်ရှန်းယွီ ၏ကျန်းမာရေးအား စောင့်ရှောက်ပေးရန်အတွက် အိမ်တော်တွင်နေခိုင်းလိုက်တော့သည်။

ရှီချီ၏ အေးတိအေးစက် နှင့် လှပသောမျက်နှာလေးသည်အလွန်စိတ်ရှုပ်ထွေး သွားပုံမျိုးနှင့်ရှုံ့မဲ့သွားပြီ ကုရှောင်းမှာမူကား ကလေး ပိုင်မုန့်ရသလို အလွန်ပျော်မြူးသွားတော့သည်။

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now