Chapter( 27.1)

1.2K 182 8
                                    

ကုကော်ပိုရေးရှင်း၏ ရုံးချုပ်ကြီး၏ ပုံမှန်ရုံးတက်ချိန်သည် 9နာရီဖြစ်ပြီး ညဆိုင်းဝန်ထမ်းနှင့် အခြားတာဝန်ကြသောဝန်ထမ်းများမှအပ ရုံးတက်ချိန်ချိန်မရောက်မချင်း  အဆောက်အဉီ၏ ဝင်ပေါက်သည် အမြဲလူရှင်းနေတတ်သည်။

ယနေ့ မနက် 8နာရီ45မိနစ်တွင်
-------------------------------

နေဉီး ဟို စီမံခန့်ခွဲရေးအဖွဲ့မှူး ဘီတာ အလှလေးကျယ်ကျဲက ဒီနေ့ သူမရဲ့အထူးလှပစမတ်ကျတဲ့ ယူနီဖောင်းအားဝတ်ထားပြီး ယနေ့အတွက် ငါးကြိမ်မြောက်အဖြစ် ရုံးတက်လက်မှတ်ထိုးသော မှတ်တမ်းအား လှန်လှောကြည့်နေပြီး သူမ၏ ပုံစံသည် ပရော်ဖက်ရှင်နယ် အမျိုးသမီးဝန်ထမ်းတစ်ယောက်ကဲ့သို့ဟိတ်ဟန်ထုတ်နေခဲ့သည်။
အမြဲဝတ်ဆင်နေကြ ဌာနအလိုက်တီရှပ်နှင့် ပေါ့ပါးလှချည်ရဲ့ ဟု နာမည်ကြီးသောခြေညှပ်ဖိနပ်များကိုဘယ်တုန်းကမှမသိမမြင်ဖူးသလို လူတိုင်းကဟန်ဆောင်နေကြပြီး ဌင်းတို့၏ အကောင်းဆုံးပုံစံအတိုင်း လတ်လျားလတ်လျားနှင့် အဟမ်းးး အလုပ်ရှုပ်စွာနှင့် အဓိကဝင်ပေါက်ကြီးအားဝင်လိုက်ထွက်လိုက်လုပ်နေကြသည်။

စည်းကမ်းတင်းကြပ်လှပြီးအလုပ်ချိန်အားအင်မတန်တွန့်တိုနေတတ်သော အကြီးအကဲများက လည်းထိုဟနိရေးပြနေကြသော ဝန်ထမ်းများအား ရှက်ရွံ့စွာ ပင်မမြင်ချင်ယောင်ဆောင်လိုက်ကြပြီး တစ်ပတ်လုံးလုံးအချိန်ပိုဆင်းခိုင်းမည့်အကြောင်းအားတွေးရင်း သုံးကြိမ်မြောက်အဖြစ် ကော်ဖီဝယ်ရန် ဝင်ပေါက်အနားရှိ ကန်တင်းသို့သွားပြန်သည်။


+++++++++++++++++++++++++++

"ဝါးးးးအရမ်းကြီးတာဘဲနော် "

နူးညံ့ပြီးစိတ်လှုပ်ရှားမှုကြောင့်နီရဲနေသည့်မျက်နှာလေးအား ကားမှန်ပြင်နှင့်ကပ်ထားရင်း အံ့အားတကြီးဆိုသည်။
စုန့်ရှန်းယွီ သည်အရင်ဘဝတုန်းက
အရှေ့ဘက်ဉယျာဉ်ကြီးအားဝင်ရောက်လည်ပတ်ဖူးသော်လည်း ကုကော်ပိုရေးရှင်းအဆောက်အဉီကြီးကိုမူ အဝေးကနေသာမြင်ခဲ့ရတာဖြစ်ပြီး  သူအနေ့ဖြင့် အဆောက်အဉီးဝင်းအတွင်းသို့ပင်ဝင်ခွင့်မရခဲ့ပါချေ။

"ကုရှူးရှု ရောက်ပြီးလားဟင် "

"အင်း....ရောက်ပြီလေ "

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now