Chapter 22

2.3K 225 9
                                    

လုံးဝမကျေနပ်ဘူး ဟု ထင်ရှားပေါ်လွင်နေသော မျက်နှာ စူပုတ်ပုတ်လေးဖြင့် ခုတင်ပေါ်တွင်ထိုင်နေပြီး စူဖောင်းနေသော သူ၏ ဗိုက်ကြီးအား ဆေးအဆီလိမ်းပေးနေခြင်းအားငြိမ်ငြိမ်လေးလှဲနေရင်း ပွစိပွစိနှင့် ရေရွတ်နေသည်။
ငုံ့ကြည့်လိုက်လျှင် ခြေထောက်ကိုပင်မမြင်နိုင်တော့သည့် ဗိုက်ကြီး ကြောင့်သာမဟုတ်ရင် ဒီလူကို သူကုတ်ဆွဲပစ်လိုက်မှာ။

ကုထျန်းရန် သည် ဖြူဉကာ ပန်းရောင်သမ်းနေသော ဗိုက်ဖောင်းလေးအား လက်ဖဝါးကြီးဖြင့်ပွတ်သပ်နေရင်း

"ကိုယ်တောင်းပန်ပါတယ်ကွာ ကလေးက အရမ်းချစ်ဖို့ကောင်းလွန်းလို့ ကိုယ်မထိန်းနိုင်ခဲ့တာ ပါ နောက်တစ်ခါမဖြစ်စေရတော့ပါဘူး"

"နောက်တစ်ခါ နောက်တစ်ခါလို့ ခင်ဗျားပြောနိုင်သေးတယ်ပေါ့လေ ဟမ့်....ခင်ဗျား...ကျွန်တော့်... ကျွန်တော့်..."

မျက်နှာသေးသေးလေးသည်နီရဲသွားပြီး ဒေါသထွက်နေတာကြောင့် နူတ်ခမ်းလေးသည် အမြန်နူန်းနှင့်စူထွက်လာပြီး လုံးလုံးလေးပင်ဖြစ်နေတော့သည်။သူသည် အနောက်ဘက်တွင်ပြည့်ကြပ်နေသောခံစားချက်ကြောင့် နိုးလာခဲ့ရပြီး.နောက်တွင်ပင် ထိုလူက လွတ်မပေးဘဲ ဆက်ပြိီး ဆိုးသွမ်းခဲ့သေးသည်။

သူ....သူဆီး..သွားချင်တာတောင်လွတ်မပေးခဲ့ဘူး

သူရှက်လွန်းလို့ငိုယိုနေခဲ့ပေမယ့် အဲ့လူကြီးက လုံးဝကိုလွတ်မပေးပါဘူးဆိုနေ။
အခန်းကို လာသိမ်းတဲ့ လူတွေမြင်မှာစိုးလို့ သူအဲ့ဒီလူကြီးကိုဘဲ စိုရွဲ ပြီးညစ်ပတ်နေတဲ့ အိပ်ရာခင်းတွေနဲ့ခေါင်းအုံးစွပ်တွေကို လျှော်ခိုင်းပစ်လိုက်တယ်။

အတွေးတွေ လွန်ခဲ့တဲ့ အချိန်နည်းနည်းဆီ လေ လွင့်နေပြန်တဲ့ ကောင်ငယ်လေးကို
ကုထျန်းယန် ဖြင့်အသည်းယားလွန်းလို့ ငုံထားလိုက်ချင်တော့တယ်။သူလေးရဲ့မျက်နှာက နီရဲနေကာ ချွေးထွက်ထားတာကြောင့် နုညံ့စိုအိနေတဲ့အသားအရည်လေးကပန်းရောင်သမ်းနေပြီး ကုထျန်းယန့်ရဲ့ အကျီ အကြီးကြီးကိုဝတ်ထားပြီး ခုတင်ဘောင်ကိုမှီပြီးလှဲနေတယ်။တစ်ကိုယ်လုံးပွထနေတဲ့အညိုမဲတွေနဲ့နည်းနည်း အဲလေတော်တော်လေးယောင်ယမ်းနေတာကလွဲရင် ဘာမှမဖြစ်သွားလို့ တော်ပါသေးရဲ့။ဆေးလိမ်းနေတဲ့အခှန် ပုဇွန်လေးလို ကွေးပြီးမျက်နှာကိုမပြနိုင်အောင်ရှက် ကာဒေါသထွက်နေတဲ့ ကောင်လေးကြောင့် ဒီတစ်မနက်လုံးချော့မော့နေရပြီး ခိုင်းသမျှဂျီသမျှလုပ်ပေးနေရပေမယ့် သူ့မျက်နှာမှာ အပြုံးသေးသေးလေးတစ်ခုကမပျက်တော့ဘူး။ကောင်ငယ်လေး ငါးပူတင်းလေးအဖြစ်ပြောင်းလဲသွားမှာစိုးတာကြောင့်သာမဟုတ်ရင် သူအော်ရယ်ပစ်လိုက်ပြီ။

ဉီးလေးငယ်ရဲ့အိုမီဂါချစ်ဇနီးလေးအဖြစ်ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now