He came to me when I needed someone...
ဒီနေ့ ဟုတ်သည် ဒီညပေါ့ ကျွန်မတို့ နှစ်ယောက် တစ်ချိန်က လက်ထပ်မည်ဆိုပြီး ...
အတူတူ ကတိတွေ အထပ်"ပေးထားခဲ့တဲ့နေ့လေးပေါ့ ဘာလို"နဲ့ ၃နှစ်တောင်ကြာသွားခဲ့ပြီ...။
တိုက်ဆိုင်စွာနဲ့ ဒီနေ့ဟာ သူ၏ လက်ထပ်ပွဲ...။
ကျွန်မ ထိုအကြောင်းတွေ ဆက်မစဉ်းစားချင်တော့ပါ ထပ်စဉ်းစားမိတိုင်း ကျွန်မ ရင်ဘတ်တွေ တဆစ်"နှင့် နာကျင်ရသည်။
ထိုချိန် ကျွန်မ၏ ဖုန်းမှ alarm မီလာခဲ့တယ် ကြည့်ပါအုန်း အချိန်တွေကုန်တာ မြန်လာလိုက်တာ။ ခဏနေ မင်္ဂလာပွဲစတော့မည်...။
ဒါကြောင့် ကျွန်မလည်း အချိန်ဆွဲမနေတော့ပဲ ပေါ့ပါးမယ့် make up look လေးတစ်ခုကိုသာ ပြင်လိုက်ပြီး ထိုသူ့၏ suit နှင့် လိုက်ဖက်သော ကျောဗြောင် black porm dress တစ်ထည်ကိုသာ ရွေးလိုက်သည်။
Dress သည် ကျောနှင့် ရင်ဘက်တွင်ဟိုက်ကျနေပြီး ကျွန်မ၏ ခန္ဓာကိုယ်ကိုပေါ်တွင် ကျစ်လစ်စွာနေရာယူထားသည်။
ထိုနောက်ကျွန်မအားစောင့်နေသော ကားပေါ်သို့တက်ခဲ့လိုက်သည်...။ ထိုချိန် ကားပေါ်မှ ဖွင့်လာသော ကျွန်မရဲ့ သဘောကျသော သီချင်းလေး တပုဒ်!
ကြည့်ပါအုန်း "ထိုသူ" ကျွန်မ အကြိုက်တွေကို မှတ်ထားသေးတယ်...။ ကျွန်မလည်း "ထိုသူ့" အား နှစ်ခြိုက်စွာပြုံးပြပြီး သီချင်းလေးအား လိုက်၍ ညည်းနေတော့သည်။
"Like it's old love....
Come on and hold me I want you right here
stay close to me so you don't feel the fear...
I'll never let go cause I'm just right here...
like it's the old love..."
ကျွန်မ၏ လှုပ်ရှားမှုတစ်ခုဆီတိုင်းအား သေချာစိုက်ကြည့်နေသော ထိုသူသည် ထို dress ကိုကြည့်ပြီး ကျွန်မပေါ်သို့ ထိုသူ၏ အပေါ်ကုတ်အား ကျွန်မပေါ်သို့ခြုံပေးလိုက်နှင့်
"အရမ်းပေါ်လွန်းတယ်။ မီးငယ်ရဲ့ ခန္ဓာကိုယ်ပေါ် ရွံစရာကောင်းတဲ့ မျက်လုံးတွေရောက်လာတော့မယ်" တဲ့
ကျွန်မတို့ ရောက်တာဟာ အနည်းငယ်နောက်ကျသွားလေသလား...။
သတို့သမီးနဲ့ သတို့သားဟာ ခန်းမထဲသို့ လျှောက်လာတော့မည်...။
နှင်းဆီဖြူတွေ ချန်ရံထားတဲ့ နှင်းဆီပွင့်ဖက်တွေ တည်ရှိနေသော် အနီရောင်ကော်ဇောထက် လှပတင့်တယ်သော အဖြူရောင်ဂါဝန်ကြီးနှင့် အပြုံးလေးတစ်ခုအား ဆင်မြန်းထားပြီး တစ်ချိန်က ကျွန်မချစ်ခဲ့ရသော အမျိုးသား၏လက်အား ချိတ်ဆွဲလျက် ဖြည်းညှင်းစွာ လျှောက်လာသော သူမ...။
ကြည့်ပါအုန်း သိပ်ကို လိုက်ဖက်ကြသည်။ ကျွန်မစဉ်းစားမိသည်။ ဤအမျိုးသမီးလေးသည် ဒီလူအတွက် မွေးဖွားလာသည်လို့တောင် ထင်မိသည်။
သူတို့ဇနီးမောင်နှံသည် တကယ်ကိုမှ လိုက်ဖက်လွန်းတယ်။ သို့သော် ထိုသတို့သမီးနေရာမှာ ကျွန်မသာဖြစ်ခဲ့လျှင် အခုချိန် ဤသတို့သားအသက်ရှင်နိုင်ပါ့မလား...။
( 1:15 AM )
25.12.2022
- Kharr_Loon_Khatတကယ်ကိုအမှတ်တရတွေနဲ့အတူ နှလုံးသားတစ်စုံလုံးကို ရင်းပြီးရေးထားတဲ့ အပိုင်းတစ်ခုပေါ့ရှင်...။
#edit on 1st December
YOU ARE READING
He Came To Me When I Needed Someone
RomanceHe came to me when I needed someone OR baby's breath ငယ်ရဲ့ နားခိုရာ...။ "စိတ်ပျက်ဖို့ကောင်းတဲ့အတိတ်မှာ ပိတ်မိနေခဲ့တဲ့ ကျွန်မကို အမြဲဆွဲထုတ်ပေးနေတဲ့ ထိုသူဟာ ကျွန်မဘဝရဲ့ မီးအိမ်ရှင်သာ" - Kharr "ကလေးငယ် ကိုယ်ရှိတာတောင် ကိုယ့်ကိုကျော်ပြီး ဘာတွေအဲ့လော...