He came to me when I needed someone...
OR
Baby's breath ငယ်ရဲ့ နားခိုရာ...
ညခင်းပိုင်းလေးတစ်ခုတွင် ကျွန်မဟာ လေညှင်းထွက်ခံမိသည်။ မိုးရာသီတွင်းမို့ လေညှင်းလေးများထဲတွင် မြေသင်းနံ့လေးများဟာလည်း ကပ်၍ပါလာသည်။ ကျွန်မဟာ မြေသင်းနံ့လေးများကို နှစ်သက်သူမို့ ဒီအခိုက်တန့်လေးဟာ ကျွန်မအဖို့ ကြည်နူးစေသည်။
ထိုချိန်တွင် ရွာလာသော မိုးပေါက်များ။
မိုးရေထဲသို့ကျွန်မဟာ လက်လေးခံမိသောအခါ မိုးစက်ကလေးများသည် ကျွန်မ၏ လက်ပေါ်သို့ ကျလာသည်။ ဘယ်လောက်တောင် အေးချမ်းလိုက်သလဲ...။
ထိုချိန် ကျွန်မအား တစ်စုံတစ်ယောက်မှ လှမ်းခေါ်သံကြားသည်မို့ အိမ်ထဲသို့ဝင်လာမိသည်...။
ထိုလူကြီး- "မိုးတွေရွာနေတာ အထဲဝင်နေလေ ဖျားမယ်လေကွာ ကလေးငယ်ရာ"
ကျွန်မဟာ အသာယာပြုံးမိသည်။ ကျွန်မကိုသာ ထိုလူကြီးကစိုးရိမ်နေတာ တကယ်တမ်းဖျားနေသူဟာ ထိုလူကြီးကိုယ်တိုင်သာပင်...။
မိုးရာသီ၊ ဆောင်းရာသီတို့တွင် ထိုလူကြီးကိုသိပ်ဂရုစိုက်ရသည်မှာ ကျွန်မအသိဆုံး။ တကယ်ဆို ထိုလူကြီးကို ဂရုစိုက်ရသည်မှာပင် ကျွန်မဝါသနာအလား..။
ကျွန်မဟာ ထိုအမျိုးသားကြီးအား ပြုံးပြလျက် ကုတင်ဘေးနားသို့သွားကာ ထိုအမျိုးသားအား စောင်သေချာခြုံပေးလိုက်သည်။
ကျွန်မ - "ရှင်သာ ဂရုစိုက်ပါ လူကြီးနေမကောင်းဖြစ်ရင် ကျွန်မ စိတ်ပူရတယ်"
ထိုလူကြီးဟာ ပြုံးလျက်ပင်..။
"ခုနကအိပ်နေတာမလား။ ဘာလို့နိုးလာရတာတုန်း"
"ကလေးငယ် ထွက်သွားမှာ ကိုယ်ကြောက်တယ်"
ကျွန်မတစ်ချက်တော့ မျက်နှာပျက်မိသည်။ ကိုယ်စထားသည့်ဇာတ်ကား မကနိုင်တော့ဘူးပဲဆိုရမလား ကျွန်မထိုလူကြီးအား အားနာမိသည်။
သူခင်ဗျာ ၃နှစ်လုံးလုံး ကျွန်မဟာ သူ့အနားမှထွက်သွားမည်ကိုကြောက်ရွံနေမည်ဖြစ်သလို ကျွန်မကွာရှင်းမည်ဟု ဆိုလာမည်ကိုလဲ ကြောက်နေမည်ပင်...။ ကျွန်မဟာ ထိုလူကြီးအပေါ်ဆို သိပ်လျစ်လျှူရှု့တက်တာပဲ ၃နှစ်လုံး"လေ...။
YOU ARE READING
He Came To Me When I Needed Someone
RomanceHe came to me when I needed someone OR baby's breath ငယ်ရဲ့ နားခိုရာ...။ "စိတ်ပျက်ဖို့ကောင်းတဲ့အတိတ်မှာ ပိတ်မိနေခဲ့တဲ့ ကျွန်မကို အမြဲဆွဲထုတ်ပေးနေတဲ့ ထိုသူဟာ ကျွန်မဘဝရဲ့ မီးအိမ်ရှင်သာ" - Kharr "ကလေးငယ် ကိုယ်ရှိတာတောင် ကိုယ့်ကိုကျော်ပြီး ဘာတွေအဲ့လော...