He came to me when I needed someone...
တကယ်ပါ ကျွန်မနဲ့ ထိုသူဟာဘယ်လောက်ပဲ လက်ထပ်ပြီးအတူနေပါစေ။ ကျွန်မနဲ့ ထိုသူ့ကြားဆက်ဆံရေးသည် အေးစက်သောဆက်ဆံရေးဟုဆိုရမလား။ သို့သော် အိမ်ထောင်သက်တမ်း ၂နှစ်ရှိပြီဖြစ်သည့် ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက်တော့ ဂရုစိုက်ကြသည်။
ဒီဆက်ဆံရေးဟာ အချစ်ပါလားလို့ မေးလျှင်ကျွန်မ အနေနဲ့ တစ်ခဏတာတော့စဉ်းစားရမည်။ သို့ပေမယ့် ထိုသူကျွန်မကို ချစ်မြတ်နိုးတာတော့ ဘေးသူများအသိပင်။
ထိုနောက် ကျွန်မအတွေးများသည် လွန်ခဲ့သော ၃နှစ်ဆီသို့ ...
ကျွန်မနဲ့ ကျွန်မရဲ့ သိပ်ချစ်ရတဲ့အမျိုးသားလေးနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့လေးတွေဆီကို ဝင်ရောက်လာမယ့် ကံဆိုးမှု...။
ကျွန်မဟာ ပိုက်ဆံမက်တဲ့မိန်းမတစ်ယောက်မဟုတ်ခဲ့သလို။ ပိုက်ဆံရှိတဲ့ သူဌေးတစ်ယောက်ကိုလဲမလိုချင်သလို ကျွန်မချစ်ရတဲ့အမျိုးသားနဲ့သာ ကျွန်မသဘောကျရတဲ့ ပင်လယ်ကမ်းစက်တစ်ခုနားသာမှာအဝါနှင်းဆီပန်းတွေခြံရံထားပြီး အလယ်မှာအိမ်ဆောက်ဖြူဖြူလေးတစ်လုံးသာဆောက်ပြီး ဘဝကိုအေး"ချမ်းဖြတ်သန်းခဲ့ချင်ခဲ့သည်။
သို့သော် ဘဝဟာစိတ်ကူးထားခဲ့သလို မဖြစ်လာခဲ့သလို ထိုသူခန့်မှန်းထားသလိုလဲ ဖြစ်မလာခဲ့ပေ။ ကျွန်မသည် ထိုသူ့ကိုအပြစ်မမြင်ရက်ခဲ့...။ သို့ပေမယ့် ကျွန်မဟာ ထိုသူ့အပေါ်ဆို လျစ်လျူသာရှု့ခဲ့သည်။ ထိုသူ့ကြောင့် ကျွန်မကိုသာ တသက်လုံး လက်တွဲပါမည်ဆိုသော အမျိုးသားရဲ့ဖောက်ပြန်မှုကိုသိရှိခဲ့ရသည်။
ယခုလဲ သူဖောက်ပြန်ခဲ့တဲ့ မိန်းမရဲ့ လက်ထပ်ပွဲကိုရောက်နေသည် မဟုတ်လား...?
အိုး... ပြန်စဉ်းစားမိတိုင်းကျွန်မရှေ့ ပြုံးပြကာ ထိုသူကို လာအရောဝင်ကာ အမြှီးနှံ"ဖြင့် စကားလာစနေသည့် ခွေးကောင်ကို ပါးချည်ရိုက်ပစ်ချင်မိတာတော့ အမှန်ပင်။ ကြည့်ရတာ ဒီတစ်ခေါက်စကားဝိုင်းလဲ ရန်ပွဲဖြစ်တော့မှာ သေချာသည်။
11:54PM
7.4.2023
-Kharr Loon Khat
#edit on 1st December
YOU ARE READING
He Came To Me When I Needed Someone
RomanceHe came to me when I needed someone OR baby's breath ငယ်ရဲ့ နားခိုရာ...။ "စိတ်ပျက်ဖို့ကောင်းတဲ့အတိတ်မှာ ပိတ်မိနေခဲ့တဲ့ ကျွန်မကို အမြဲဆွဲထုတ်ပေးနေတဲ့ ထိုသူဟာ ကျွန်မဘဝရဲ့ မီးအိမ်ရှင်သာ" - Kharr "ကလေးငယ် ကိုယ်ရှိတာတောင် ကိုယ့်ကိုကျော်ပြီး ဘာတွေအဲ့လော...