Part 12

156 5 0
                                    

He came to me when I needed someone...

OR

ဒေစီငယ်ရဲ့ နားခိုရာ...

မနက်ခင်းနေရောင်ခြည်ဖျ"ဟာ ပြတင်းပေါက်မှတစ်ဆင့် ကျွန်မ၏ကိုယ်ပေါ်သို့ကြလာသည့်နောက် ကျွန်မဟာ နိုးထလာခဲ့သည်...။

မနက်ခင်းနေရောင်ခြည်ဖျဖျလေး‌ရယ်၊ အလုံပိတ်ထားတာတောင် ပြတင်းပေါက်အပြင်ဘက်မှ ကြားရတဲ့ငှက်ကလေးများရဲ့ တေးသီသံများကြောင့် အခုမှနိုးထလာသော ကျွန်မအဖို့ စိတ်ကြည်နူးစရာပင်။

တကယ်တော့ ထိုသံစဉ်များနားထောင်ရသည်ကို စိတ်ဝင်စားလာအောင် သင်ပေးသူမှာလဲ ထိုသူပင်...။

ထိုသူဆိုမှ ကျွန်မဟာ ညမိုးမချုပ်ခင်ထဲကအိပ်နေသော ထိုလူကြီးကို ဆွေ့ခဲနဲ့လှည့်ကြည့်မိကာ နဖူးအား စမ်းကြည့်မိသည်...။

မနေ့ညတုန်းထဲကဖျားနေသောကြောင့် အားဆေးပါချိတ်ရသော ထိုသူဟာ အခုထိတောင် ဖျားနည်း"ပဲကျသေးသည်မို့ ရင်ထဲထိတ်ခနဲ့ဖြစ်ကာ အတော်လေးကိုစိုးရိမ်မိသည်။

ထိုလူကြီးတစ်ခုခုဖြစ်ရင် ကျွန်မကြောက်သည်။ စိုးရိမ်သည်။ ထိုလူကြီးတစ်ခုခုဖြစ်ခဲ့ရင်ဆိုသော အတွေးများဟာ ကြီးဆိုးလာတာကြောင့် ကျွန်မဟာ ထိုလူကြီးကို အမြန်လှုပ်နှိုးမိသည်...။

ကျွန်မ ထိုလူကြီးကို မဆုံးရှုံးချင်တော့ဘူးလေ...။

"လူကြီး လူကြီး ထပါဦး"

"လူကြီး..."

"လူကြီး ထပါဦး..."

"လူကြီး..."

"လူကြီး လူကြီး..."

အတော်တန်ကြာနှိုးနေတာတောင် မနိုးလာတာမို့ ကျွန်မစိုးရိမ်လာကာ ငိုချမိသည်...။

"ဟင် ကလေးလေး ဘာလို့ငိုနေတာလဲ"

ထိုသူဟာ မျက်လုံးများအား ပွတ်သတ်၍ အိပ်နေရာမှ အတင်းကုန်းထကာ ကျွန်မအားဖက်ထားပြီး မျက်ရည်စများအားသုတ်ပေးသည်။ ဖျားနေသော သူတစ်ယောက်ဟာ ကျွန်မအား ပိုစိုးရိမ်နေလျက်ပင်...။

"ဘာလို့ မနိုးလာတာလဲ ဘယ်လောက်တောင်လန့်သွားရလဲ သိရဲ့လား"

He Came To Me When I Needed Someone Where stories live. Discover now