He came to me when I needed someone...
မေလရဲ့ ရာသီဉတုဟာ သိပ်မပူသလို သိပ်လဲအေးမနေခဲ့ နေသာထိုင်သာရှိတဲ့ ရာသီဉတုလေးတစ်ခု ဒါကြောင့်ပဲ လေညင်းခံဖို့အတွက် ခြံအောက်သို့ဆင်းလာခဲ့သည်
"ဟူး မိုးဦးလေးတောင် ရောက်ပြီ"
ထိုသို့သော် ကျွန်မညည်းလိုက်မိတယ်။ ကျွန်မဟာ မိုးရာသီတွင် မွေးသည့်သူပီပီ သိပ်မပူ သိပ်မအေးသည့် မိုးရာသီကိုနှစ်သက်သည်မှာလဲ မဆန်းပေ။ မိုးရွာနေရင်း ရှူရှိုက်မိသော မြေသင်းနံ့အချို့ကိုလည်း သဘောကျမိသလို မိုးကြီးထန်စွာရွာခဲ့သောနေ့မှာလည်း ထိုလူကြီးနဲ့တွေ့ခဲမိသည်။ ဒါဟာ ကျွန်မတို့တွေ့ဆုံမှုရဲ့ စတည်ရာ အစဟုပြောရမယ်။
ထိုနေ့
မထင်မှတ်သောရွာလာသောထိုမိုးများ...။
အမေမှ အတန်တန်ထီးယူဖို့ သတိပေးခဲ့သည့်ကြားမှ ထီးယူဖို့မေ့ခဲ့သော ကျွန်မ မိုးမရွာမည် အထင်နှင့် စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။ သို့သော် ပိတ်ရက်တွင် ဖတ်ဖို့ငှားလာသည့် 1990ပြည့်နှစ်လောက်က စာအုပ်အချို့ကြောင့် ဘက်စ်ကားမှတ်တိုင်သို့ ပြေးသွားလို့လဲရမနေခဲ့ ထိုချိန် ကျွန်မလုပ်ရမည်မှာ တစ်ခုတည်း ထိုစာကြည့်တိုက်အရှေ့တွင် မိုးတိတ်သည့် အထိထိုင်စောင့်နေရမည်သာဖြစ်သည်။ တိုက်ဆိုက်စွာထိုနေ့မှ စာကြည့်တိုက်ဟာလဲ စောစောစီးစီးပိတ်သည်။
"ဟူး အမေတွေပြောလိုက်ရင် သွေးထွက်အောင်ကိုမှန်တယ် အရေးထဲဒီဖုန်းက အားကုန်နေသေးတယ် ပစ်ပေါက်ချင်လိုက်တာဟာ"
မိုးဟာလဲ တိတ်မည့်ပုံမပေါ် ရွာနေသည်မှာလည်း အညိုးအတေးတွေနဲ့များ ရွာချနေသည့်အလား မိုးတွေဟာလည်း ခြိန်းနေသလို ကောင်းကင်တစ်ခုလုံးဟာလဲ ပြိုကျမည့်အလားပင်...။
အဖြူရောင်ပေါင်တို ဂါဝန်ပါးပါးလေးတစ်ထည်ကိုမှ ခပ်ပါးပါး အပြာရောင် cardigan လေးသာဝတ်ထားသည်မို့ လေအေးတွေတိုက်နေသည်အခါတိုင်း ကျွန်မကိုယ်လေးတစ်ခုလုံးဟာကျုံ့"လေးကွေးသွားရသည်။
ထိုချိန်တွေ မည်းနက်နေသောကားတစ်စီးသည် စာကြည့်တိုက်အရှေ့သို့ဆိုက်ရောက်လာပြီး လူတစ်ယောက်လာလည်းထွက်လာသည်။ထိုနှင့်အပြိုင် ကားအနောက်ခန်းမှ ကားမှန်ဟာကျလာပြီး လူကြီးတစ်ယောက်မှ စကားစလာသည်။
YOU ARE READING
He Came To Me When I Needed Someone
RomanceHe came to me when I needed someone OR baby's breath ငယ်ရဲ့ နားခိုရာ...။ "စိတ်ပျက်ဖို့ကောင်းတဲ့အတိတ်မှာ ပိတ်မိနေခဲ့တဲ့ ကျွန်မကို အမြဲဆွဲထုတ်ပေးနေတဲ့ ထိုသူဟာ ကျွန်မဘဝရဲ့ မီးအိမ်ရှင်သာ" - Kharr "ကလေးငယ် ကိုယ်ရှိတာတောင် ကိုယ့်ကိုကျော်ပြီး ဘာတွေအဲ့လော...