Part 4

243 8 0
                                    

He came to me when I needed someone...

ခရစ်ယာန်ဘုန်းတော်ကြီးမှ

သတို့သားနှင့် သတို့သမီးအား ကောင်းခြင်းဩဘများပေးပြီးသည့်နောက်

သတို့သားမှ သတို့သမီးအားအနမ်းလေးတစ်ပွင့်ပေးလိုက်သည်နှင့် ခန်းမထဲမှာ နှစ်လိုဖွယ်အောင်လှသော တယောသံများနှင့် ဧည့်ပရိတ်သတ်များ၏ လက်ခုပ်သံများမှာလည်း ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။

ထို လက်ခုပ်တီးနေသော လက်များအနက်ကျွန်မဟာ အရုပ်ကြိုးပျက်စွာ သတို့သားကိုသာ အချိန်အတော်တန်ကြာအောင်ငေးကြည့်နေမိသည်။

နားထဲမှာလည်း သူပေးထားခဲ့သော ကတိပေးခဲ့တဲ့စကားများသာ အကြိမ်"ကြားယောင်မိသည်။

'အချစ် မင်းနဲ့ကိုယ် တစ်နေ့ လက်ထပ်ပြီးသွားရင် မင်းသဘောကျတဲ့ပင်လယ်နားမှာ အဖြူရောင်အိမ်လေးတစ်လုံးကိုဆောက်မယ်။ ပြီးရင် ဘေးပတ်"လည်မှာ မင်းကြိုက်တဲ့ နှင်းဆီဝါလေးတွေကို စိုက်မယ်'တဲ့လေ

ဟက် အခုတော့ဒီကတိစကားတွေက စောက်ရေးမပါတဲ့ ပေါ့ပျက်"စကားတွေသာ။

ဒါကြောင့်လဲ ကျွန်မ ပင်လယ်တွေနဲ့ နှင်း‌ဆီပန်းဝါတွေကို မုန်းခဲ့သည်မလား။

ထိုအကြောင်းတွေစဉ်းစားမိတိုင်း ရင်ဘက်မှ စူးအောင့်လာသည်။ ဒီလောက်အချိန်တွေကြာသွားပြီး အရာရာပြောင်းလဲသွားခဲ့လဲ ဒီအကြောင်းအရာတွေကို ကျွန်မဒီတစ်သက်မေ့မည်မဟုတ်ခဲ့။ အထူးသဖြင့် ကျွန်မကို သစ္စာဖောက်ခဲ့တာကိုပေါ့...!

ကျွန်မအတွေးလွန်နေလိုက်တာ ထိုသူ ကျွန်မရဲ့ မျက်ရည်တွေလဲ့နေတဲ့မျက်ဝန်းတစ်စုံကို လက်နဲ့ဖိသုတ်ပေးလိုက်မှသာ နောက်တစ်ကြိမ်လက်ရှိအချိန်ကို သတိထားမိလာတော့သည်။

ထိုသူသာ အနားမှာမရှိပေးခဲ့ရင် ကျွန်မ အတိတ်တွေကနေရုန်းထွက်နိုင်မည်မဟုတ်ပေ။ အခုလက်ရှိ အချိန်မှာတင်မဟုတ် လွန်ခဲ့တဲ့ ၃နှစ် တစ်နည်းအားဖြင့် သူထွက်သွားပြီးတဲ့နောက် ထိုသူသာမရှိခဲ့ရင် ကျွန်မဘဝဟာ အဲ့ဒီ‌အေးစက်ခြောက်သွေ့တဲ့ ဒီဇင်ဘာဆောင်းညထဲကပင်ပြီးဆုံးသွားခဲ့လေပြီ...။

ထိုသူဟာ ကျွန်မဘဝရဲ့ မီးအိမ်ရှင်သာ...။

( Part 4 )

2:45PM

ဒီအပိုင်းလေးကို ရေးခဲ့တဲ့နေ့က 19.3.2022ပါရှင့်။

#KharrLoonKhat

#edit in 1st December

He Came To Me When I Needed Someone Where stories live. Discover now