He came to me when I needed someone...
လက်ထပ်ပွဲဆိုတာ အမျိုးသမီးတွေရဲ့ ဘဝမှာ အရေးပါဆုံးအရာ အရေးကြီးသောအရာဆိုလဲဟုတ်သည်။ တန်ဖိုးအထားရဆုံးနေ့ထူးနေ့မြတ်ဆိုလဲမမှား။
ကိုယ်လက်ထပ်ရမည့်အမျိုးသားကို တစ်သက်လုံးကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံပေးရမည်ဖြစ်သည်။
တကယ်လို့ ကိုယ်မချစ်တဲ့သူကိုသာ လက်ထပ်ဖြစ်ဆိုရင် ဒီအိမ်ထောင်ရေးက ဘယ်တော့မှ သာယာမည်မဟုတ်။ တကယ်လို့သာ ကွာရှင်းခဲ့မယ်ဆို အာရှနိုင်ငံတွေရဲ့ ထုံးစံအတိုင်း သူတို့မိသားစုကို အရှက်ရသလိုဖြစ်စေသောကြောင့် ဤအမျိုးသမီးကို ရွံရှာလိမ့်မည်။
ထိုလူကြီး-"ကိုယ်နဲ့ လက်ထပ်ဖို့ တကယ်သေချာပြီလား"
ကျွန်မ-"အင်း"
ထိုလူကြီး- "ကိုယ်နဲ့ မင်းကတစ်သက်လုံးလက်တွဲသွားရမှာနော်"
ကျွန်မ- "အို့ ဆိုးတာပဲ"
ကျွန်မက ဆုံးဖြတ်ချက်တစ်ခုကိုလွယ်"မချတတ်သော လူတစ်မျိုးဖြစ်သည်။ တစ်ခုခုဆိုသေချာအချိန်ယူအဘက်"ကတွေးပြီးအခြားသူတွေနဲ့တိုင်ပင်ပြီးမှသာ ဆုံးဖြတ်ချက်ချတတ်သည်။
ဒါပေမဲ့အခုတော့ ညတွင်းချင်းဘယ်သူ့ကိုမှ မတိုင်ပင်ပဲနဲ့ကိုဆုံးဖြတ်ချတစ်ခုချလိုက်သည်။ ရလဒ်ကတော့ ကြိုးတန်းပေါ်လမ်းလျှောက်သလိုလေ။
ဒါပေမဲ့လည်း ကျွန်မဒီဇယားတွေကို လျစ်လျူရှု့ထားသည်။အခုတော့ ကျွန်မဟာ ကလှည့်စားချေရတာကိုသာ စိတ်ဝင်စားသည်။
Is that calls challenge..? However, I don't care about this..!
ကျွန်မရဲ့ ဘဝထဲကို ဒီလူကြီးကော၊ ဟိုကောင်ကောသာ မဝင်လာရင်ကောင်းသား ဒီလိုသာဆို ကျွန်မဟာလဲ အေးချမ်းတည်ငြိမ်တဲ့ မိန်းကလေးသာဖြစ်မည်။
ဒါပေမဲ့ အရာရာက ပြောင်းလဲခဲ့ပြီ။ နောက်ပြီး ဒါတွေက သူတို့ကြောင့်ဖြစ်တည်လာတာပဲလေ။
ထိုလူကြီး-"မင်းရဲ့ နှလုံးသားစေရာနောက်ပဲလိုက်ပါ"
ကျွန်မ-"နှလုံးသားစေရာနောက်ကိုလိုက်...? ဟုတ်လား ကျွန်မနှလုံးသားရဲ့စေရာအနောက်ကိုလိုက်နေတုန်း ခင်ဗျားကပဲ ခုတုံးလုပ်ခဲ့တာလေ! ကျွန်မရဲ့လမ်းတွေကို ပိတ်နေတာလဲခင်ဗျားပဲလေ!"
YOU ARE READING
He Came To Me When I Needed Someone
RomanceHe came to me when I needed someone OR baby's breath ငယ်ရဲ့ နားခိုရာ...။ "စိတ်ပျက်ဖို့ကောင်းတဲ့အတိတ်မှာ ပိတ်မိနေခဲ့တဲ့ ကျွန်မကို အမြဲဆွဲထုတ်ပေးနေတဲ့ ထိုသူဟာ ကျွန်မဘဝရဲ့ မီးအိမ်ရှင်သာ" - Kharr "ကလေးငယ် ကိုယ်ရှိတာတောင် ကိုယ့်ကိုကျော်ပြီး ဘာတွေအဲ့လော...