That's about quotes
_____
ခင်ဗျားရဲ့ လက်ကြားထဲမှာ ဆေးလိပ်တစ်လိပ်ကို ညှပ်ထားတယ်။
ကျွန်မရဲ့ လက်ကြားထဲမှာတော့ ဘောပင်ပြာတစ်ချောင်းကိုညှပ်ထားတယ်။
အခြေအနေနဲ့ အသက်ရွယ်ကွာခြားပေမယ့် ခင်ဗျားက ကျွန်မကိုချစ်တယ်။
#𝐾𝒉𝑎𝑟𝑟_𝐿𝑜𝑜𝑛_𝐾𝒉𝑎𝑡
_____
ဆေးလိပ်လည်းမကြိုက်သလို
ဆေးလိပ်အနံ့တောင် ကျွန်မမခံနိုင်ပါဘူး။
ဒါပေမဲ့ ဆေးလိပ်သောက်တတ်တဲ့ အမျိုးသားကြီးတစ်ယောက်နဲ့ ချစ်မေတ္တာမျှခဲ့ပါရဲ့...။
#𝐾𝒉𝑎𝑟𝑟_𝐿𝑜𝑜𝑛_𝐾𝒉𝑎𝑡
_______
ဒီရှမ်းအမျိုးသားကြီးက ကျွန်မဆေးလိပ်အနံ့မခံနိုင်တာသိလို့ထင်ပါရဲ့
ကျွန်မနဲ့တွေ့တိုင်း ဘယ်တုန်းကမှ ဆေးလိပ်ကိုလက်ကြားထဲမညှပ်ခဲ့ဘူးလေ!
#Thun
#𝐾𝒉𝑎𝑟𝑟_𝐿𝑜𝑜𝑛_𝐾𝒉𝑎𝑡_____
ဆေးလိပ်ကိုအရမ်းကြိုက်တတ်တဲ့အမျိုးသားကြီးက
ရက်ပိုင်းပဲတွေ့ဖူးတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်အတွက်နဲ့ သူဆေးလိပ်ဖြတ်ခဲ့သတဲ့...။
#Thun
#𝐾𝒉𝑎𝑟𝑟_𝐿𝑜𝑜𝑛_𝐾𝒉𝑎𝑡______
ဆေးလိပ်...?
အွန်း ကျွန်မငယ်ငယ်လေးတည်းက ဆေးလိပ်အနံ့ကိုမုန်းပါရဲ့...။
၃နှစ်သာသာကလေးမလေးတစ်ယောက် အသက်ကြီးလို့ ယောက်ျားယူမယ်ဆို ဆေးလိပ်မသောက်တတ်တဲ့သူကိုယူမယ်လို့ ကြုံးဝါးခဲ့ဖူးပါရဲ့။
ငယ်ငယ်ကဆေးလိပ်သောက်တဲ့သူဆိုမုန်းတယ်။ ဆေးလိပ်ကိုလည်းမုန်းတယ်။ ဘာဖြစ်လို့လဲဆိုရင်အနံ့ကြောင့်။ နောက်ပြီး ဆေးလိပ်သောက်တဲ့သူအနားရောက်ရင်လည်း ဆေးလိပ်သောက်တဲ့သူကို ဆက်မသောက်ဖို့ခဏခဏပြောတယ်။ ဘာလို့လဲဆိုရင် ကျွန်မအနံ့ကိုအရမ်းမုန်းလို့။
သိပ်ကြာခဲ့သလား...?
နောက် ဆယ်စုနှစ်တစ်ခုကြာတော့ ကျွန်မချစ်ကြိုက်တဲ့သူက ဆေးလိပ်အရမ်းသောက်ပါသတဲ့....။
YOU ARE READING
He Came To Me When I Needed Someone
RomanceHe came to me when I needed someone OR baby's breath ငယ်ရဲ့ နားခိုရာ...။ "စိတ်ပျက်ဖို့ကောင်းတဲ့အတိတ်မှာ ပိတ်မိနေခဲ့တဲ့ ကျွန်မကို အမြဲဆွဲထုတ်ပေးနေတဲ့ ထိုသူဟာ ကျွန်မဘဝရဲ့ မီးအိမ်ရှင်သာ" - Kharr "ကလေးငယ် ကိုယ်ရှိတာတောင် ကိုယ့်ကိုကျော်ပြီး ဘာတွေအဲ့လော...